ကျောက်တံခါးမြို့နယ်တွင် မီးရထားလမ်းအား အကြမ်းဖက် KNU/PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီး


မတ် ၁၄

ရန်ကုန်-မန္တလေး မြန်မာ့မီးရထားလမ်းအား အကြမ်းဖက်ပြည်ဖျက်သောင်းကျန်းသူအဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခဲ့မှုတစ်ခု ကျောက်တံခါးမြို့နယ်အတွင်း၌ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ မတ်လ ၁၃ ရက်နေ့ ည ၁၂ နာရီအချိန့်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ကျောက်တံခါးမြို့နယ် ၊ တောကျွဲအင်း (ခ)အောင်မြင်မြို့အနီးမြို့၏ မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ ပအို့ဝ်ပိုင်းရပ်ကွက်အနီးရှိ အသုံးမပြုရသေးသော မီးရထားသံလမ်းအသစ် တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာကြား၊ မီးရထားလမ်းကြေးနန်းမိုင်တိုင်အမှတ် (၁၂၀/၂)နှင့် (၁၂ဝ/၃)ကြား၊ တံတားအမှတ် (၁၇၉) နှင့် (၁၈ဝ) ကြားတွင် အကြမ်းဖက်သောင်းကျန်းသူ KNU/PDF ပူးပေါင်း အဖွဲ့မှ မီးရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ပြီး မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းအသစ်မှာ (၁၀)ပေခန့် ပြတ်တောက် ပျက်စီးသွားခဲ့ပြီး မီးရထားများ ပုံမှန်ပြေးဆွဲခုတ်မောင်းနေသော မီးရထားသံလမ်းမှာပျက်ဆီးခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းရှိ NLDပါတီမှအကြမ်းဖက်ရန်ပေါက်ဖွားလာသော PDFအဖွဲ့များသည် KNUလက်နက်ကိုင်အဖွဲ့များ၏ ခိုင်းစေမှုများအတိုင်း ဘုရား ၊ စေတီ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ လမ်း ၊တံတား ၊ မီးရထားလမ်းများ ၊ လျှပ်စစ်တာဝါတိုင်များ အစိုးရဌာနဆိုင်ရာအဆောက်အဦးများအား မိုင်းထောင်ခြင်း ၊ ဗုံးခွဲခြင်း ၊ ဒရုန်းများဖြင့်ဗုံးကြဲချခြင်း ၊ ရဟန်း/ သံဃာတော်များ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ NLD ပါတီအားမထောက်ခံသူများအား လုပ်ကြံသတ်ဖြတ်ခြင်း ၊ လူမနေသောအိမ်ပိုင်ရှင်များအား ဆတ်ကြေးမပေးလျှင် အိမ်မီးရှို့မည်ဟုခြိမ်းခြောက်၍ ဆတ်ကြေးကောက်ခံခြင်း တို့ကိုနေ့စဥ်နှင့်အမျှ ဆောင်ရွှက်လုပ်ကိုင်နေပြီး ၎င်းတို့အားပြည်သူအများကြောက်ရွံ့တုန်လှုပ်လာစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.comTikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwLYoutube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3iTelegram – https://t.me/positiveanglenewsLike, Share, Follow, Subscribe, Join#PAN