မတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံ တောင်သူများမှာ မိမိတို့အိမ်ခြံဝင်းအတွင်း ဥယျာဉ်ခြံအတွင်းနှင့် ချောင်းစပ်ဘေးများတွင် တောင်ပေါ်ကွမ်းကြမ်းပင်များအား စိုက်ပျိုးထားကြရာ ဒေသရိုးရာ စိုက်ပျိုးနေမှုမှ ပုံစံ ပြောင်းလဲ၍ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်ပေါ်ကွမ်းကြမ်းပင်များကို ဥယျာဉ်ခြံများရှိ သစ်ပင်ကြီး များပေါ်တွင် ဒေသရာသီဥတုနှင့်အညီ သမရိုးကျ ရိုးရာနည်းဖြင့် စိုက်ပျိုးလာခဲ့ကြရာ နွေရာသီတွင် ကွမ်းရွက်အထွက်နှုန်း ကျဆင်း ခြင်း၊ ဆွတ်ခူးရာတွင်လည်း သစ်ပင်ကြီးများပေါ်တွင် စို့ရိုက်၍ ခက်ခဲစွာ ဆွတ်ခူးရခြင်းတို့ကြောင့် ကွမ်းပင်များကဲ့သို့ ရာသီမရွေး လွယ်ကူစွာ ဆွတ်ခူး နိုင်ရန် စမ်းသပ်စိုက်ပျိုးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့စမ်းသပ်စိုက်ပျိုးရာတွင် သရက်ပင်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပြီး အပင်ခြေရင်းတွင် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ ယခုအခါ အောင်မြင်လျက်ရှိနေ၍ အခြားသစ် ပင်ငယ်များ၏ ခြေရင်းတွင်လည်း စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယခင်က သစ်ပင်ကြီးများပေါ် စိုက်ပျိုးရာတွင် ပုံမှန်ရေပေးရန် မလိုအပ်သော်လည်း သရက်ပင်များ ပေါ်တွင် စိုက်ပျိုးရာ၌ ပုံမှန် ရေလောင်းပေးရကြောင်း အမှတ် (၃) ရပ်ကွက်နေ ကွမ်းရွက် စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
အချို့ကွမ်းရွက်စိုက်ပျိုးသူများမှာ ဝါးလုံးများကို တိုင်အဖြစ် အသုံးပြုပြီး ကွမ်းစင်ဆောက်ကာ စိုက်ပျိုးကြကြောင်းလည်း သိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join