ပေါင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း  ကျောင်းသား၊ကျောင်းသူ( ၄၅၀)ဦး ဝင်ရောက်ဖြေဆိုမည်

မတ်(၁၀)                                                   

 မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း ဒွါဒသမတန်း၊Grade 12 စာမေးပွဲကို မတ်လ(၁၁ ရက်နေ့မှ ၁၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူ( ၄၅၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း ဒွါဒသမတန်း၊Grade 12 စာမေးပွဲကို ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ( ၁၈ )ကျောင်းမှ ကျောင်းသား၊ကျောင်းသူ ( ၄၅၀ ) ဦးစာမေးပွဲဖြေဆိုရန် စာရင်းတင်သွင်းထားရှိရာ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သောစာစစ်ဌာန လုံခြုံရေး၊ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြားလုံခြုံရေး လုပ်ငန်းများ၊စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

PAN