မတ် ၆
Facebook,Instagram နှင့် Meta ကုမ္မဏီပိုင် Apps များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် Meta ၏ စတော့ရှယ်ယာဈေးကျဆင်းခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ ပါဝင်သည့် Meta ၏ Apps များသည် ယမန်နေ့ မတ်လ ၅ ရက်နေ့ မြန်မာစံတော် ည ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် နည်းပညာပိုင်းဆိုင်ရာ ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ယခုကဲ့သို ရှယ်ယာတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြတ်တောက်မှုကြောင့် Meta ၏ အစုရှယ်ယာဈေးနှုန်းသည် ၁ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဈေးနှုန်းမငြိမ်မသတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။
အဆိုပါ နည်းပညာပိုင်းဆိုင်ရာ ပြတ်တောက်မှုနှင့် ပတ်သက်ပြီး Meta ပိုင်ရှင် မက်ဇူကာဘက်က ပြိုင်ဘက် လူမှုကွန်ယက်ဖြစ်သည့် X (ယခင်တွစ်တာ)တွင် ပို့စ်တစ်ခုရေးသားခဲ့ပြီး X (ယခင်တွစ်တာ)ပိုင်ရှင်ဖြစ်သူ အီလွန်မက်စ်ကလည်း Facebook နှင့် Meta ကို လှောင်ပြောင်ထိုးနှက်သည့် ပို့စ်တစ်ခုတင်ခဲ့သည်။
Meta ကုမ္မဏီ၏ Apps များဖြစ်သည့် Facebook,Instagram,WhatApp,Messenger နှင့် Thread App များသည် ကမ္ဘာအနှံ့အပြားမှ နေ့စဉ် လူဦးရေ ဘီလီယံနှင့်ချီ ဝင်ရောက် အသုံးပြုနေသည့် Apps များဖြစ်သည်။