
မတ် ၃
မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသား ၁,၀၀၀ ကျော်ကို အမေရိကန်နိုင်ငံက ပညာသင်ဆုပေးမယ်လို ရန်ကုန်မြိုရှိ အမေရိကန်သံရုံးက ပြောပါတယ်။
ဒေသတွင်းနိုင်ငံများရှိ အဆင့်မြင့်ပညာရေးတက္ကသိုလ်များနှင့် အမေရိကန်ပြည်ထောင်စုတို ပူးပေါင်းကာ မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသား တစ်ထောင်ကျော်အတွက် ပညာသင်ဆုပေးအပ်သွားမယ်လို ဆိုပါတယ်။
ငါးနှစ်စီမံကိန်းဖြစ်တဲ့ အဆိုပါပညာသင်ဆုအစီအစဉ်ဟာ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင့်မြင့် တက္ကသိုလ်တွေက ပေးတဲ့ဘွဲအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က အွန်လိုင်းဘာသာရပ်တွေကို လည်း သင်ကြားခွင့်ရမှာဖြစ်တယ်လို ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသားများအတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ (USAID)ရဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ပညာသင်ဆုအစီအစဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းပညာသင်ဆုဟာ လူငယ်တွေကို ဦးစားပေး ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး မျိုးဆက်သစ်လူငယ် တွေကို အဆင့်မြင့်ပညာရေးနဲ့ စွမ်းအားမြှင့်တင်သွားဖို ရည်ရွယ်တဲ့အစီအစဉ် ဖြစ်တယ်လို ဆိုပါတယ်။
ဒါ့အပြင် လူ့အဖွဲအစည်း ဖွံဖြိုးတိုးတက်မှုအား အကျိုးပြုမည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များကို အဆင့်မြင့်ပညာရေးဖြင့် စွမ်းအားမြှင့်တင်သွားရန် ရည်ရွယ်တဲ့ ပညာရေးအစီအစဉ်ဖြစ်တယ်လို အမေရိကန်သံရုံးက ပြောပါတယ်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725