မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း စစ်ဘက်ဆိုင်ရာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ အယောင်ဆောင်၍ လက်နက် ခဲယမ်းများ ကိုင်ဆောင်ကာ မကြာခဏ ဓါးပြတိုက် လုယုက် ပြန်ပေးဆွဲနေသူများ ခိုအောင်း နေထိုင်ကြောင်း သတင်းအရ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး ဇော်လင်းအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များဖြင့် တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းရှိ နေအိမ်တစ်အိမ်၌ ဖေဖော်ဝါရီလ (၂၉) ရက်နှင့် မတ်လ (၃) ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

စစ်ဘက်ဆိုင်ရာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ အယောင်ဆောင်၍ လက်နက် ခဲယမ်းများ ကိုင်ဆောင်ကာ မကြာခဏ ဓါးပြတိုက် လုယှက် ပြန်ပေးမှုများ ကျူးလွန်နေသည့် အေးကိုကိုဦး အသက် (၃၂) နှစ် မယ်ခေါင်ရပ်ကွက် နေထိုင်သူ၊ စိုင်းမောင်ထွန်း(ခ)အိုက်ပီး၊အသက်(၂၀)နှစ် ပါဆပ်ရပ်ကွက် နေထိုင်သူ၊ စိုင်းလှမောင် အသက် (၂၇)နှစ်၊ ဝမ်လုံး ကျေးရွာအုပ်စု နေထိုင်သူ၊ စိုင်းခမ်းတွီ အသက် (၁၈)နှစ် ဆန်ဆိုင်း(ခ)ရပ်ကွက် နေထိုင်သူ၊ ရဲသီဟလွင် အသက် (၃၈)နှစ် မယ်ခေါင်ရပ်ကွက် နေထိုင်သူ ၊ ကျိုင်းဆံဟိုင်း အသက် (၂၀)နှစ် ဝိန်းကျောက်ရပ်ကွက် နေထိုင်သူတို့အား တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးနှင့် တပ်ဖွဲ့ဝင်များမှ တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင် ကော်မရှင်ရုံး အိမ်ရာတွင် ပြစ်မှုကျူးလွန်ရန် ကြံစည်းနေချိန်တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ဩစတေးလျ နိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ USA နိုင်ငံထုတ်၊ M4 A1 Carvine M-320461 (၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊5.56 ကျည်(၅၉)တောင့်၊ ၉ မမကျည်(၂၀)တောင့်၊ ပွိုင့်.၃၈ ကျည်(၉)တောင့်၊ ပွိုင့် .၂၂ ကျည်(၄)တောင့်၊ သေနတ်အိတ် (၃)ခု၊ လည်ရှည်ဖိနပ်အနက်ရောင် (၁)ရံ၊ လည်တိုရှူးဖိနပ်(၂)ရံ၊ ဓားရှည်(၁)ချောင်း၊ နံပါတ်ထုတ်(၁)ချောင်း၊ ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊ စကားပြောစက် (၁)လုံး၊ ရဲတပ်ဖွဲ့ယူနီဖောင်း အင်္ကျီ(၃)ထည်၊ ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီ (၁)ထည်၊ ပြည်သူ့စစ် ယူနီဖောင်း(၁)စုံ ၊ စစ်စိမ်းရောင်ယူနီဖောင်း(ဘက်တံဆိပ်မပါ) (၁)စုံ၊ ပြောက်ကျားယူနီဖောင်း(၂)စုံ၊ USA တံဆိပ်ပါ ပြောက်ကျား ယူနီဖောင်း(၂)ထည်၊ အနက်ရောင် ဘောင်းဘီရှည်(၁)ထည်၊ အပြာရောင် ပျောက်ကျား အနွေးထည် (၁)ထည်၊ စစ်စိမ်းရောင် ပျောက်ကျား အင်္ကျီ(၃)စုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တံဆိပ်ပါ ဘယ်ရီဟက်(၃)လုံး၊ အပြာရောင် တောဆောင်း(၁)လုံး၊ ဖိုက်ဖာအပြာရောင်(၁)လုံး၊ ပိကတ် အပြာရောင်(၁)လုံး၊ ဦးထုတ်အဝိုင်း(၂)လုံး၊ ကျည်ကာပျောက်ကျားအစိမ်းရောင်(၃)ထည်(ARMY)၊ ကျည်ကာ ပျောက်ကျား အနက်ရောင်(၅)ထည်၊ ရွှေတာချီ ဆိုင်ကယ် Taxi အင်္ကျီ(၇၀၇)နံပါတ်ပါ (၁)ထည် ၊ မျက်နှာဖုံး အဖြူရောင် (၁)ခု၊ ဆံပင်အတု(၁)ခု ၊ အီကွေ့မင်(၁)စုံ၊ လက်ထိပ်(၃)ကွင်း ၊ လည်ရှည် ဖိနပ် အနက်(၁)စုံ၊ လည်တို(ရှူးဖိနပ်)(၂)ရံ၊ ဓားရှည်(၁)ချောင်း၊ နံပါတ် ထုတ်(၁)ချောင်း၊ ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊ စကားပြောစက်(၁)လုံး နှင့် ယာဉ်အမှတ်၊ SHN-12/1A-1543 Honda Fit စိမ်းနုရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး၊ ယာဉ်အမှတ်၊ SHN-12/5J-2677 Crown အဖြူရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီးဖမ်းဆီးရမိကြောင်း သိရသည်။
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် တရားခံ အေးကိုကိုဦး ပြောပြချက်အရ စိုင်းဆိုင်မိန်း ဆိုသူသည် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်တွင် နေထိုင်ကြောင်း သိရ၍ ခရိုင် ရဲတပ်ဖွဲ့မှုုး ဦးဆောင်းကာ သက်သေများနှင့်အတူ ဟောင်လိတ် နယ်မြေ ရဲစခန်းမှ ဒုရဲမှူး အေးထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးရာ စိုင်းဆိုင်မိန်း အသက်(၂၅) နှစ် ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ နှင့်အတူ တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၎င်းကျည် (၅)တောင့်တို့အား ထပ်မံရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။မတ်လ (၃) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ကွင်းဆက် တကာခံများ ဖြစ်သည့် အိုက်ကျော်(ခ)စိုင်းကျော်လင်းဦး ၊ စိုင်းစွမ်းမိန်း(ခ)အိုက်တီ ၊ စိုင်းခေး ၊ စိုင်းကွမ်ခေး တို့ ၄ ဦးအား ရန်အောင်မြေ ရပ်ကွက်ရှိ နေအိမ်လိုင်းခန်းငှားတွင် ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ ဓါးပြတိုက်ရာတွင် အသုံးပြုသည့် မော်တော်ယာဥ် (၂) စီး နှင့် အတူ ပစ္စတို သေနတ် တစ်လက် တို့အား ဖမ်းဆီး ထိန်းသိမ်း ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ တာချီလိတ် မြို့ပေါ် ရပ်ကွက်များအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ အယောင်ဆောင်ကာ လက်နက်/ ခဲယမ်းများ ကိုင်ဆောင်ပြီး ဓါးပြတိုက် လုယှက် ပြန်ပေးမှု (၃)ကြိမ်နှင့်အထက် ကျူးလွန်ခဲ့ပြီး ထိုင်း ဘတ်ငွေ သိန်း (၃၀ )ခန့် ရရှိခဲ့ကြကြောင်း သိရသည်။
ဖမ်းဆီးရမိသော တရားခံများအား တာချီလိတ် မြို့မ ရဲစခန်းတွင် ပူးပေါင်းအဖွဲ့မှ အသေးစိတ် စစ်ဆေးမေမြန်း လျက်ရှိပြီး ကွင်းဆက် တရာခံများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PAN