လာလီဂါမှာ ဆက်နေချင်‌သေးတဲ့ ဂရင်းဝုဒ်


မတ် ၂

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဋ္ဌဖြစ်သူ တီဘက်စ် က မန်ယူအသင်းမှ ဂီတာဖေးအသင်းထံ အငှားလာရောက် ကစားနေတဲ့ အင်္ဂလန်တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ် ကို လာလီဂါမှာ ဆက်ရှိစေချင်တယ်လိုဟု ပြောကြားခဲ့ပါတယ်။

ဂရင်းဝုဒ် ကို ဘာစီလိုနာအသင်းက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး ၎င်းကလည်း မန်ယူအသင်းမှာ ပြန်ကစားလိုခြင်းမရှိကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂရင်းဝုဒ် ဟာ မုဒိမ်းမှုသံသယနဲ့ တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းမှာ ပါဝင် ကစားနိုင်ခြင်းမရှိတော့ဘဲ ပြီးခဲ့တဲ့နွေရာသီက ဂီတာဖေးအသင်းထံ တစ်ရာသီအငှားနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။

ဂရင်းဝုဒ် အနေနဲ့ ယခုရာသီမှာ ဂီတာဖေးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၅ ပွဲတွင် ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
VK – https://vk.com/wall-220066330_5475
Like , Share, Followe, Subscribe, Jion လုပ်ပေးကြပါအုံးနော် –
ကျေးဇူးတင်ပါတယ်။

PAN