ရန်ကုန်တက္ကသိုလ်နယ်မြေရှိဆိုင်ခန်းများ ငှားရမ်းမည်


ရန်ကုန်တက္ကသိုလ်နယ်မြေမှာရှိတဲ့ ဆိုင်ခန်းတွေ၊ ရေကူးကန်နဲ့ အားကစားရုံ အစရှိတာတွေကို ငှားရမ်းသွားမှာ ဖြစ်တယ်လို တင့်ဒါခေါ်ယူရွေးချယ်ရေးကော်မတီက နိုင်ငံပိုင်သတင်းစာတွေကနေ အသိပေးကြော်ငြာထားပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တက္ကသိုလ်နဲ့ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ရှိ ဆိုင်ခန်း ၅၉ ခန်း၊ အင်းယားလမ်းနဲ့ သထုံလမ်းက ရန်ကုန်တက္ကသိုလ် ရေကူးကန်၊ သထုံလမ်းနဲ့ လှိုင်နယ်မြေက ရန်ကုန်တက္ကသိုလ် အားကစားရုံတို့ကို ငှားရမ်းသွားမှာဖြစ်တယ်ဆိုပြီး တင်ဒါခေါ်ယူထားတာ ဖြစ်ပါတယ်။

တင်ဒါပုံစံနဲ့ တင်ဒါစည်းကမ်းသတ်မှတ်ချက်တွေကို တစ်စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရန်ကုန်တက္ကသိုလ်၊ စီမံရေးရာဌာနမှာ ဖေဖော်ဝါရီလ ၂၈ ရက် မနက် ၁၀ နာရီအချိန်ကစလို့ ရုံးချိန်အတွင်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

မတ်လ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်မှာ တင်ဒါပိတ်မှာဖြစ်ပြီး တင်ဒါပုံစံနဲ့ အသေးစိတ်အချက်အလက်တွေ သိရှိလိုရင် စီမံရေးရာဌာနကို စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။