ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် နယ် မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူ PDF (စိစစ်ဆဲ)အဖွဲ့တို့ ဝင်းကြီးကျေးရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
တာဝန်သိပြည်သူများ၏ လျှို့ဝှက် သတင်း ပေးပို့မှုအရ တပ်မတော်စစ်ကြောင်းက ဝင်းကြီးကျေးရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေစဥ် ညနေ ၅ အချိန်ခန့်တွင် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)သည် ကောလင်းမြို့နယ်ဖက်မှ ဝန်းသိုမြို့နယ်ဖက်သို့ မော်တော်ယာဥ်၊ ဆိုင်းကယ်များဖြင့် ချီတက်လာစဥ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာမှ ဖြစ်စဥ်နေရာတွင် အကြမ်းဖက် PDF အလောင်း ၁၄ လောင်းနှင့်အတူ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ အမ်-၂၂ ကျည် ၃၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၅ လုံး၊PDF တံဆိပ်ပါအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ပြောက်ကျားကျောပိုးအိတ် ၆ လုံး၊ ဆိုင်ကယ် ၅ စီး၊ ကား ၁ စီး တို့ကို သိမ်းဆည်းရမိကြောင်း သတင်း ရရှိပါသည်။
#PAN