ဇွန် ၉
Biparjoy ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် ၃ ရက်အတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက်ပိုင်း သို့ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရွေ့လျားတိုက်ခတ်လာဖွယ်ရှိကြောင်း India Meteorological Department(IMD) မှ ပြောကြားထားပြီး ဆိုင်ကလုန်းမုန်တိုင်း Biparjoy သည် လာမည့် ၄၈ နာရီအတွင်း ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်သို့ ပြောင်းလဲ လာနိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၈ရက် ကြာသပတေးနေ့တွင် အဆိုပါ ဌာနက ခန့်မှန်းပြောကြား ထားတာလည်း ဖြစ်ပါတယ်။
ထို့နောက် အိန္ဒိယမိုးလေဝသဌာန (IMD) က အာရေဗျပင်လယ်ပြင်၏ အနောက်ဘက်ပိုင်းနှင့် အလယ်ပိုင်းဒေသများအပြင် မြောက်ပိုင်း Kerala၊ Karnataka နှင့် Goa ကမ်းရိုးတန်းများသည် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားကြရမည့် ဒေသများ ဖြစ်လာဖွယ်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။