အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာမှရွာသူ/ ရွာသား ၄၀၀ ခန့်အား အကြမ်းဖက် PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ သတင်းအစအနမရသေး

ဒီဇင်ဘာ ၂၁

      မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊အောင်လံမြို့နယ်၊ သမ္ဘူလအခြေစိုက် နှောက်စမ်းကျေးရွာအုပ် စု ၊ မဲခေါင်းကျေးရွာသို့ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင်အကြမ်းဖက် PDF အင်အား ၁၀၀ ခန့်ရောက်ရှိလာပြီး ၎င်းရွာမှ ရွာသူ/ ရွာသား ၄၀၀ ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

       အဆိုပါရွာသည် အိမ်ခြေ ၁၃၀ ခန့်ရှိသော ကျေး ရွာဖြစ်ပြီး အကြမ်းဖက် PDF များရောက်ရှိလာစဥ် ​အိမ် ခြေ ၄၀ ခန့်မှ ရွာသူ/ ရွာသားများမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အိမ်ခြေ ၉၀ ခန့်မှ ရွာသူ/ ရွာသား ၄၀၀ ခန့်မှာ အကြမ်းဖက် PDF အဖွဲ့ ၏ ဖမ်း ဆီးခေါ်ဆောင်သွားခြင်း ခံရ‌ကြောင်း သိရပါသည်။

       ထွက်ပြေးလွတ်မြောက်လာသော ရွာသားများ၏ ပြောကြားချက်အရ အကြမ်းဖက် PDF များသည် ကျေးရွာသူ/ကျေးရွာသားများအား မဲခေါင်းကျေးရွာ ၏ မြောက်ဘက် ၄ မိုင်ခန့်ရှိ ဒေသအခေါ် ချစ်စရိုး အတိုင်းအရှေ့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသအခေါ် ကုက္ကိုတောင် ဆိုသောနေရာသို့ ဦးတည်သွားနေကြောင်းနှင့် အဆိုပါ ဖမ်းဆီးသွားသော ရွာသူ/ ရွာသားများ၏ သတင်းအစအနကို ယနေ့အချိန်ထိ မရရှိသေးကြောင်း  သိရှိရပါသည်။

      အဆိုပါ အကြမ်းဖက် PDF များသည် ပဲခူးရိုးမပေါ်ရှိ ကိုးပင် – သာဂရသွား ကာလမ်းပေါ်တွင် လှုပ်ရှားနေသော အဖွဲ့များဖြစ်နိုင်ကြောင်း၊ ၎င်း အကြမ်းဖက် PDF များနှင့်အတူ အကြမ်း ဖက်သောင်းကျန်းသူ KNU အဖွဲ့များပါဝင်နေကြောင်း ဒေသခံပြည်သူများထံမှ သတင်း ရရှိပါသည်။

#PAN