တနင်္သာရီမြို့မှ မြိတ်သို့ ပြေးဆွဲနေသော ခရီးသယ်ယာဉ် တစ်စီးပေါ်မှ လက် လုပ်မိုင်း တစ်စုံ ရှာဖွေတွေ့ရှိ

ဒီဇင်ဘာ ၂၁

      တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေး ရွာ၊ အဝေးပြေးကားဝင်းတွင် တနင်္သာရီမြို့မှ မြိတ်သို့ ခရီးသယ်ယာဉ် တစ်စီးပေါ်တွင် လက်လုပ်မိုင်း တစ်စုံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါ သည်။



       အဆိုပါ လက်လုပ်မိုင်း ရှာဖွေတွေ့ရှိခဲ့သော ယာဥ်မှာ ရွှေသာရီအမည်ပါ ယာဥ်အမှတ် 5N/5180 ဖြစ်ပြီး ယာဥ်မောင်းမှာ ဖြိုးကိုကို၊ ၃၅ နှစ်၊ (ဘ) ဦးဝင်းဟို၊ စိုးစိုးပိုးပိုးလမ်း၊ ဗိုလ်တေဇရပ် ကွက်၊ ကန်ဖျားရပ်၊ မြိတ်မြို့နေသူနှင့် ယာဥ်နောက်လိုက်မှာ အေးထက်အောင်၊ (ဘ)ဦးသန်းဇော်မင်း၊ ရွာသစ်ရွာ၊မြိတ်မြို့နေသူတို့ ဖြစ် ကြောင်းသိရပါသည်။ အဆိုပါ လက်လုပ်မိုင်းကို ဆာလာအိတ်အဖြူနှင့် ထည့်ထားပြီး လက်ခံရယူမည်သူမှာ ဦးထွန်း၊ 09794173694 ဖြစ်ကြောင်းနှင့် ပေးပို့သူကိုလည်း စုံစမ်းမှုများပြုလုပ်လျှက်ရှိကြောင်း သိရပါသည်။

#PAN