လွိုင်ကော်ထောင် အကျဉ်းသားတွေ ရိက္ခာနဲ့ဆေး ဝါး ပြတ်လပ်လုနီးပါးဖြစ်နေ ဟု သတင်းတု သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိ

ဒီဇင်ဘာ ၂၁

      ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် ရိက္ခာနှင့် ဆေးဝါး အရေး တကြီးအကူအညီလိုအပ်နေသည်ဟု RFA နှင့် Delta News Agency တို့မှ မဟုတ်မမှန် ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ “သတင်းအမှားသာဖြစ်ကြောင်း၊ အခြေခံ ရိက္ခာများ၊ အပိုဆောင်း ရိက္ခာများနှင့်ဆေးဝါးများ လုံလောက်မှုရှိပြီး ကျန်းမာ ရေးစောင့်ရှောက်မှု များကိုလည်း အပြည့်အဝဆောင် ရွက်ပေးလျက်ရှိကြောင်းကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

      သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းတု သတင်းများ များကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN