အိမ်ကွင်းဂိုးပြတ်နဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ လီဗာပူးလ်အသင်း

ဒီဇင်ဘာ ၂၁

       နိုဝင်ဘာလ ၂၀ ရက်က ကစားခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ် အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

      ဝက်စ်ဟမ်းအသင်းဟာ ရှုံးထွက်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့နိုင်ရရှိကာ ကွာတား ဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အိမ်ကွင်းအန်ဖီးမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ဝက်စ်ဟမ်းအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေကို ကာတစ်ဂျုံးစ် နှစ်ဂိုး၊ ဆိုဘော့စ်ဆလိုင်း၊ ဂတ်ပိုနှင့် ဆာလာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပြီး ဝက်စ်ဟမ်းအသင်း အတွက် သွင်းဂိုးကို ဘိုဝင် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဆီးမီးဖိုင်နယ်အဆင့်မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

#PAN