တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ဘုရားမဲလုံခြုံရေးစခန်းကို အလစ်အငိုက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၁

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင် မယ်ရှောင်ကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ဘုရားမဲလုံခြုံရေးစခန်းကို ဒီဇင်ဘာလ ၁၈ ရက် က အကြမ်းဖက်သောင်း ကျန်းသူများ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိသည် ကိုတွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံကျေးရွာသားများအား စုံစမ်းမေးမြန်းမှုများ အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျေးရွာအနီးဝန်း ကျင်နှင့် ဘုရားမဲလုံခြုံရေး စခန်းတို့တွင် တိုက်ပွဲများဖြစ်ပွားမှုမရှိကြောင်း သိရှိရပါသည်။

       ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာ မျက်နှာ များပေါ်တွင် လုပ်ကြံရေးသားကာ ပြည်သူများအားကြောက်ရွံ့ထိတ်လန့်လာစေ ရန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN