ပြည်ပအလုပ်သမားစေလွှတ်မှုစာရင်း ပေးပို့ရန်ပျက်ကွက်တဲ့ အေဂျင်စီတွေကို လိုင်စင်ပိတ်သိမ်းသွားမည်”

ဒီဇင်ဘာ ၁၉

      ပြည်ပသို့ အလုပ်သမားစေလွှတ်မှုလချုပ်စာရင်းပေးပို့ရန် ၃ ကြိမ်အထက် ပျက်ကွက်ပါက အချိန်ကာလတစ်ခု အထိ လိုင်စင်ပိတ်သိမ်းသွားမည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။

      ပြီးခဲ့သည့် နိုဝင်ဘာလအတွက် အလုပ်သမားစေ လွှတ်မှုလချုပ်ကို အီးမေးလ်နှင့် ဖြစ်စေ၊ စာလမ်း ကြောင်းမှဖြစ်စေ အချိန်မီပေးပို့လာခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀ အထိရှိလာပါ သည်။ နိုဝင်ဘာလအတွက် အလုပ်သမား စေလွှတ်မှုလချုပ်စာရင်း ပေးပို့လာခြင်း မရှိသော အေဂျင်စီ ၃၀ အနက် ၃ ကြိမ် တိုင်တိုင်လချုပ်စာရင်း ပေးပို့ခြင်းမရှိတဲ့ အေဂျင်စီ ၆ ခုပါဝင်နေသည်ဟု သိရပါသည်။

       လချုပ်စာရင်းပေးပို့ရန် သုံးကြိမ် အထက်ပျက် ကွက်ပါက ဝန်ခံကတိရေးထိုး ရမှာဖြစ်ပြီး ထပ်မံပျက်ကွက်ခဲ့ပါက ကာလအကန့်အသတ်နှင့် လိုင်စင်ပိတ်သိမ်းခံရမှာ ဖြစ်သည်ဟု သိရပါသည်။ အေဂျင်စီ များအနေနှင့် စေလွှတ်လချုပ်စာရင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယာယီအပိတ်ခံထားရသည် ဖြစ်စေ၊ လစဉ် လဆန်း ၅ ရက်မတိုင်မီ dolmigrationsending @gmail .com ကို အချိန်မီပေးပို့ရမည်ဟု အသိပေးထားပါသည်။

#PAN