လာမည့် ဇန်နဝါရီလအတွင်း ဝါးအသုံးပြု ဆောက်လုပ်ရေးသင်တန်း ဖွင့်လှစ်မည်

ဒီဇင်ဘာ ၁၆

    လာမည့် ဇန်နဝါရီလအတွင်း ဝါးအသုံးပြု ဆောက် လုပ်ရေးသင်တန်း  ဖွင့်လှစ်သွားမည်ဟုကနဦးသတင်းများအရ သိရပါသည်။

    အဆိုပါ သင်တန်းကို အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးမှုအစီအစဉ် VSDP နှင့် Housing Now တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင် ရွက်နေသော “ဝါးအသုံး ပြု ဆောက်လုပ်ရေးသင်တန်း” ကို ၂၀၂၄ ခုနှစ်၊ ဇန်န ဝါရီလတွင် စတင်ဖွင့်လှစ်သွားမည်ဟု ဆိုပါသည်။

     အဆိုပါ သင်တန်းကို အနည်းဆုံး အခြေခံ ပညာအလယ်တန်းအဆင့် အောင်မြင်ပြီး အသက် ၁၇ နှစ်မှ ၃၅ နှစ်အတွင်းရှိသူ အမျိုးသားနှင့် အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။

     သင်တန်းလျှောက်သည့် သူများအနေနှင့် လက်မှု ပညာကို ဝါသနာပါပြီး ဝါးအသုံးပြု ဆောက်လုပ်ရေးပိုင်းဆိုင်ရာဖြင့် အသက်မွေး ဝမ်းကျောင်းပြုလိုသူ ဖြစ်ရန်လိုအပ်ပြီး သင်တန်းပြီးမြောက် အောင်မြင်သည်အထိ ဇွဲလုံ့လစိုက် ထုတ်နိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။ 


     သင်တန်းကြေး ပေးသွင်းရန်မလိုဘဲ သင်တန်းအတွက် လိုအပ်သောကုန်ကျစရိတ်များကို သင် တန်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကာ သင်တန်းကာလ ၁၂ လ အောင်မြင်စွာတက်ရောက်ပြီးဆုံးပါက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ် ပြုလက်မှတ် ရရှိမည်ဟုလည်းဆိုပါသည်။

     လျှောက်ထားလိုသူများအနေနှင့်  အီးမေးလ်လိပ်စာ [email protected] (သို့မဟုတ်) Monkey Joint၊ အုန်းခြံလမ်းသစ်ထိပ်၊ မြို့ရှောင်လမ်းဘေး၊ ပဲခူးမြို့သို့ ပေးပို့လျှောက်ထားနိုင်ပြီး ထပ်မံသိရှိလိုသော အချက် အလက်များရှိပါက ဖုန်းနံပါတ် +95 9 963 299845, 9 795 121371 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန်အတွင်း (မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း) ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု သိရပါသည်။

#PAN