မြန်မာနိုင်ငံအရေး စွက်ဖက်သော အရှေ့တီမောသမ္မတအနေဖြင့် မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာသိအောင် ပြုလုပ်သင့်

ဒီဇင်ဘာ ၁၃

     အရှေ့တီမောသမ္မတ၏ မြန်မာ့အရေးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာသိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာ သူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမောသမ္မတ ၏ မြန်မာ့အရေးစွက် ဖက်မှုနှင့်ပတ်သက်၍ လက်မခံကြောင်း နိုင်ငံရေး နယ်ပယ်မှ ကျွမ်းကျင်သူ များက ပြောကြားလိုက်သည်။

      မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်၍ တပ်မတော်သားများကို တိုက်တွန်းသည်ဟု ဆိုကာ အရှေ့တီမောနိုင်ငံ၏ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးက အထက်ပါအတိုင်း မြန်မာ့အရေးကို လေ့လာရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကလည်း လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံအကြောင်းကို ပြောချင်ရင် မြန်မာနိုင်ငံရဲ့ သမိုင်းကို အရင်ဆုံး သိအောင်လုပ်ပါလို့ ပြောချင်ပါတယ်။ သမိုင်း
ကြောင်းကို မသိဘဲ ဝေဖန်တယ်ဆိုရင် ဒါက ဝေဖန် တာနဲ့မတူဘဲ တစ်ခါတစ်ရံကျတော့ လေ ကန်တာမျိုး ဖြစ်သွားတတ်တယ်။ လေကန်တယ် ဆိုတာမျိုးကအထောက်အထားပြုရမယ့် အရာ တွေ၊ ကိုးကားရမယ့်အရာတွေ မသိဘဲနဲ့ ပြောတာမျိုးကို လေကန်တယ်လို့ပြောကြားတာပေါ့” ဟု အထက်ပါနိုင်ငံရေး သုံးသပ်လေ့လာသူက ဆို သည်။

       ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်းက နှစ်ခါမက သုံးခါအထိ မဲပေးခွင့်ရခဲ့သူများပင် ရှိခဲ့ကာ ထိုသို့ဖြစ်စဉ်မျိုးသည် အောက်ခြေကပင် ဖြစ်သည် ဖြစ်စေ ခေါင်းဆောင်ကသာ ဖြေရှင်းရပြီး အဆိုပါဖြစ်စဉ်မျိုးကို တီမောသမ္မတအနေ ဖြင့် သိရှိနားလည်ထားမည်ဟု မထင်ကြောင်း ၎င်းကဆိုသည်။

       “တစ်ခုလောက် မေးစမ်းပါရစေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာထိန်းပြီး ကတည်းက ဒီနေ့အထိ သံရုံးတွေ တံခါးပိတ်ပြီး မြန်မာနိုင်ငံက ပြန်သွားတာ ဘယ်နှနိုင်ငံရှိပါ သလဲခင်ဗျာ။ တီမောသမ္မတကြီးခင်ဗျာ။ မြန်မာ နိုင်ငံသံရုံးတွေကို ဘယ်နိုင်ငံက တံခါးပိတ်ပြီး မင်းတို့ ပြန်တော့လို့ပြောတာရှိပါသလဲ ခင်ဗျာ။ တပ်မ တော်ကိုခွဲတာက တိုင်းပြည်ကိုခွဲတာနဲ့ အတူတူဖြစ်ပါတယ်။ မြောက်ဗီယက်နမ်၊ တောင်ဗီယက်နမ် ကွဲသွားခဲ့ဖူးပါတယ်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား ကွဲသွားခဲ့ပါတယ်။ ဗီယက်နမ်က ပေါင်းပေမယ့် ကိုရီးယားကတော့ ကွဲမြဲပါ။ ဒီလိုမျိုးတွေမဖြစ်ဖို့ ဝိုင်းဝန်းထိန်းသိမ်းပြီး ဘိုးဘွားအစဉ် အဆက် တည်ရှိတဲ့ နယ်နိမိတ်တွေက ဆက်တည် ရှိပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်မစွက် ဖက်ဘဲဖေးမကူညီခြင်းဟာအကောင်းဆုံး ဖြစ်ပါတယ်” ဟု အထက်ပါ သုံးသပ်လေ့လာ သူက ဆိုသည်။

      တီမောနိုင်ငံအနေဖြင့် နိုင်ငံငယ်သာဖြစ်ပြီး အနောက်အုပ်စုနိုင်ငံမှ ပိုက်ဆံရရှိရန်အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြောနေခြင်းသာဖြစ်ကာ တီမောသမ္မတက ပြောသည့်အတွက် တပ်မတော်သည် ပြိုကွဲသွားမည် မဟုတ်၊ ရှုံးသွားမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံအရေး သုံးသပ်လေ့လာသူတစ်ဦးဖြစ်သည့် ဦးဘိုဘိုကျော်ငြိမ်းက ဆိုသည်။

       “ကျွန်တော်ကတော့ တီမောသမ္မတ ပြောလည်း သူပြောနေတာ အလကားသက်သက်ပဲ။ ဘာမှမဖြစ်ဘူး။ တီမောသမ္မတက ဘာပြောလို့ ညာပြောလို့ဆိုတာ စိတ်မပူပါဘူး။ လေကုန်တာပဲရှိပါတယ်” ဟု ၎င်းက ဆို သည်။

        တီမောသမ္မတ၏ ပြောကြားချက်သည် နိုင်ငံရေးမျက်နှာစာတွင် ထင်ပေါ်စေရန် အတွက် လုပ်ဆောင်ခြင်းဟုသာ ရှုမြင်မိကြောင်းနှင့် တီမောသမ္မတပြောကြားချက်ကို ငြင်းဆိုလိုကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက သုံးသပ်ပြောကြားသည်။ “သူတို့ကိုယ် သူတို့ Role တင်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ စွက်ဖက်တာကတော့ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း စွက်ဖက်နေတာပဲ။ ပြောချင်တာက ကျွန်တော်တို့က ဖွဲ့စည်းပုံအတိုင်းသွားနေတာကို ဘယ်နိုင်ငံကမှ Mother law ကို စွက်ဖက်လို့ မရဘူး” ဟု ၎င်းကဆိုသည်။

#PAN