ပွဲပယ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ်နဲ့ပွဲကိုလွဲချော်မယ့် ဖာနန်ဒက်စ်

ဒီဇင်ဘာ ၁၁

မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့စနေညက ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၈၄ မိနစ်အရောက်မှာ အဝါကဒ်ပြသခံခဲ့ရတာကြောင့် ဒီရာသီမှာ အဝါကဒ် ၅ ကဒ် ပြည့်သွားခဲ့ပြီဖြစ်လို့ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

မန်ယူဟာ ကြားရက်အတွင်း ဘိုင်ယန်နဲ့ကစားပြီးရင် နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ဖာနန်ဒက်စ်လည်း အဲဒီပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရမှာဖြစ်ပါတယ်။