မော်တော်ယာဥ် လေးစီးမှ အမျိုးသမီးတစ်ဦးကို အဆင့်ဆင့် ဝင်တိုက်မှုဖြစ်ပွား


ဒီဇင်ဘာ ၁၁

နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု ရင်ခွဲပင်ရွာထိပ်၊​ရန်-မန်း လမ်း၊ မိုင်တိုင် ၂၃၉/၃ ပေါ်တွင် လမ်းဖြတ်ကူးသည့်အမျိုးသမီးတစ်ဦးကို ယမန်နေ့ ​ညနေ ၆နာရီ၄၅မိနစ်အချိန်ခန့်က ယာဥ်အဆင့်ဆင့် တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရည်။

ဖြစ်စဥ်မှာ ပျဉ်းမနား​မြို့မှ တပ်ကုန်း​မြို့ဘက်သို့ မောင်းနှင်လာသော Hijet ယာဉ်(စုံစမ်းဆဲ)မှ လမ်းပေါ်မှ လမ်းလျှောက်နေသော အမည်မသိ အမျိုးသမီး တစ်ဉီးအား တိုက်မိခဲ့ရာ လဲကျခဲ့ကြောင်း၊ နောက်ထပ် တပ်ကုန်းမှ ပျဉ်းမနားဘက်သို့ မောင်းနှင်လာသော တွဲကားယာဉ်(စုံစမ်းဆဲ) ၃ စီးတို့မှ ၄အမည်မသိအမျိုးသမီးအား ထပ်မံတိုက်ခဲ့ကြောင်း၊ ၎င်းအပြင် ယာဉ်မောင်း ဉီးကျော်လွင်၊( ဘ). ဉီးကျော်မြင့်၊ စဉ့်ကိုင်မြို့နယ်၊ ကသဲကုန်းကုန်းရွာ နေသူ မောင်းနှင်သည့် Isuzu တွဲယာဉ်၊ ယာဉ်အမှတ် 4K.**** ယာဉ်ဖြင့် ကြိတ်မိခဲ့ပြီး ဦးနှောက်ကြေမွဒဏ်ရာဖြင့် အခင်း​ဖြစ်ရာ​ရောတွင်သေဆုံးခဲ့ကြောင်းသိရသည်။

ယာဥ်တိုက်မှုကြောင့်သေဆုံးသွားသည်ံ့ အမျိုးသမီးအလောင်းအား လူမှုကူညီရေးအဖွဲ့မှ ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။