စစ်ဆင်ရေးကွပ်ကဲရေးမှူး တစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

ဒီဇင်ဘာ ၈

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသတိုက်ပွဲများတွင် တပ်မတော်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ် မှူးချုပ် အောင်ဇော်လင်း သည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟု တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မီဒီယာ အပါအဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

    အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ဗိုလ် မှူးချုပ် အောင်ဇော်လင်း သည် ကွပ်ကဲမှုအောက် တပ် ရင်း/တပ်ဖွဲ့များအား စနစ်တကျ ကွပ်ကဲလျက်ရှိကြောင်းနှင့်  တရားမဝင်ပြည်ဖျက်မီဒီယာများက  တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တိုက်ပွဲဝင်တပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန်အတွက်လည်းကောင်း၊ တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွှဲမှားစေရန်နှင့် ယုံကြည်မှုလျော့နည်း စေရန်အတွက်လည်းကောင်း ရည်ရွယ် ချက်ရှိရှိဖြင့်  လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN