ရုရှားကို ပိတ်ဆို့မှုကြောင့် ဥရောပသမဂ္ဂအနေဖြင့် ဓာတ်ငွေ့အတွက် ယူရို ၁၈၅ ဘီလီယံအပို ကုန်ကျနေ

ဒီဇင်ဘာ ၇

      ဥရောပသမဂ္ဂက ရုရှားအပေါ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် ၎င်းတို့အတွက် လိုအပ်သော ဓာတ်ငွေ့များကို ဝယ်ယူမှုအတွက် ယူရို ၁၈၅ ဘီလီယံ အပိုကုန်ကျနေရကြောင်း သိရသည်။ ဥရောပသမဂ္ဂသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှ နောက်ပိုင်းတွင် လစဉ်ဓာတ်ငွေ့တင်သွင်းမှုအတွက် ကုန်ကျစရိတ်မှာ ပျမ်းမျှအားဖြင့် ယူရို ၁၅ ဒသမ ၂ ဘီလီယံ ရှိသည်။

     ထိုကုန်ကျမှုအနက် ယူရို ၇ ဒသမ ၇ ဘီလီယံကို သဘာဝဓာတ်ငွေ့အရည်အတွက် လည်း ကောင်း၊ ၇ ဒသမ ၅ ဘီလီယံကို ပိုက်လိုင်းမှ သွယ်တန်းသည့် ဓာတ်ငွေ့အတွက်လည်းကောင်း အသုံးပြုခဲ့ရခြင်းဖြစ်သည်။

     ဥရောပသမဂ္ဂအနေဖြင့် ရုရှားကို ပိတ်ဆို့မှုများ ချ မှတ်ခြင်းမတိုင်မီက လစဉ်ဓာတ်ငွေ့ဝယ်ယူမှုအတွက် ယူရို ၅ ဒသမ ၉ ဘီလီယံသာ အသုံးပြုရသည်။ထို့ကြောင့် လပေါင်း ၂၀ ကာလအတွင်း ဥရောပသမဂ္ဂက ဓာတ်ငွေ့ဝယ်ယူမှုအတွက် ယူရို ၃၀၄ ဘီလီယံ ကို အသုံးပြုခဲ့ရဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အပေါ် မူတည်ပြီး Sputnik သတင်းဌာနက ဖော်ပြထားသည်။

#PAN