AA သောင်းကျန်းသူအဖွဲ့မှ မနော်သီရိရွာကို မီးရှိုခိုင်းထားသော AA သောင်းကျန်းသူအမာခံ မောင်ထွန်းကျော်လင်းနှင့် ဦးဦးဘထွန်းတို့က AA သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များ ထုတ်ဖော်ပြောကြား

ဒီဇင်ဘာ ၇

       ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာများသည် မိုခါမုန်တိုင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ တပ်မတော် သားများနှင့် ဌာနဆိုင်ရာများ၏ စုပေါင်းညီညာစွာပူးပေါင်းဆောင်ရွက်မှုများကြောင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုသို့ တည်ငြိမ်အေးချမ်းပြီး စည်ကားလျက်ရှိသော ပေါက်တောမြို့နယ်အတွင်း ယခုအခါ AA သောင်းကျန်းသူများ က တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး တည်ငြိမ်အေး ချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ပေါက်တောမြို့နှင့် အနီးဝန်းကျင်မှကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ် ခဲ့သည်။

     AA သောင်းကျန်းသူများ၏ မြို့/ရွာများကို ဖျက် ဆီး မီးရှို့ခြင်း များ လုပ်ဆောင်ခဲ့မှုနှင့်ပတ် သက်၍ ဖမ်းဆီးရမိ သော AA သောင်းကျန်းသူ အမာခံ ပေါက်တောမြို့နယ်၊ မနော်သီရိရွာသား ၂ ဦးဖြစ်သည့် ထွန်းလင်းကျော် နှင့် ဦးဦးဘထွန်း တို့ကို စစ်ကြော မေးမြန်းရာမှ AA သောင်းကျန်းသူအဖွဲ့၏ ယုတ်မာသောလုပ်ရပ်များကို ထုတ်ဖော် ပြောကြားလာခဲ့သည်။

      ထွန်းကျော်လင်း က ပြောကြားရာတွင်  ” ကျွန်တော်ကတော့ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာက မောင်ထွန်းကျော်လင်း ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့(၂)ပတ်လောက်က ပေါက်တောမြို့မှာ စစ်ဖြစ်ပါတယ်၊ စစ်ဖြစ်ပြီးတော့ ကျွန်တော်တို့ရွာမှာလဲ AA တွေ အဝင်/အထွက်ရှိပါတယ်၊ အဝင်/ အထွက်ရှိလို့ ရွာသား တွေက ရွာမှာစစ်ဖြစ်မှာကြောက်လို့ ထွက်ပြေးသွားကြပါတယ်၊ ကျွန်တော်နဲ့ ဦးဘထွန်း ကိုတော့ AA က စစ်တပ်ရောက်လာရင် သတင်းပို့ဖို့စောင့်ခိုင်းထားပါတယ်၊ AA တပ်က ရွာရဲ့အရှေ့ဘက် ဘုရားကုန်းမှာ (၁၀) ယောက်လောက် ရှိတယ်လို့ပြောပါတယ်၊ ရွာထိပ်မှာလည်း မိုင်းထောင်ထားတယ်လို့ပြောပါတယ်၊ စစ်တပ်ကလူဝင်လာရင် စစ်တပ်က ရွာကို မီးရှို့သွားသလိုဖြစ်အောင် ကျွန်တော်တို့ကို ရွာကိုမီးရှို့ပြီး ထွက်ပြေးခိုင်းထား ပါတယ်၊ ပေါက်တောဘက်မှာလည်း ကျေးရွာသားတွေကို မီးရှို့ခိုင်းပြီး စစ်တပ်ကမီးရှို့ တယ်လို့ပြောခိုင်းခဲ့ပါတယ်၊ စစ်တပ်ကရောက်လာတဲ့ အချိန်မှာတော့ AA ကခိုင်းထား တဲ့အတိုင်း ဦးဘထွန်းနဲ့ ကျွန်တော်နဲ့ရွာကို မီးရှို့နေပါတယ်၊ မီးရှို့နေတဲ့အချိန်မှာတော့ စစ်တပ်ကတွေ့လို့ နှစ်ယောက်စလုံး အဖမ်းခံခဲ့ရပါတယ် ” ဟု ဆိုသည်။

      ဦးဦးဘထွန်း က ထွက်ဆိုရာ၌ ” ပေါက်တောမြို့ နယ်၊ မနော်သီရိရွာက ဦးဘထွန်းပါ၊ ပေါက်တောမှာ (၂) ပါတ်လောက်က တိုက်ပွဲဖြစ်ပါတယ် AA စစ်တပ်နဲ့ မနော်သီရိရွာကိုရောက်ပါတယ်၊ ရွာသားတွေက တိုက် ပွဲဖြစ်လိမ့်မယ် ထင်ပြီးစိုးရိမ်ပြီး ထွက်ပြေးသွားပါတယ်၊ ထွန်းကျော်လင်းနဲ့ ကျွန်တော့်ကို စစ်တပ်မြင်ရင် သတင်းပို့ဖို့ ရွာကိုဝင်တဲ့အခါ မီးတိုက်ဖို့၊ စစ်တပ်က မီးတိုက် တယ်လို့ အထင်လွဲအောင် ပြောဖို့ ကျွန်တော်တို့ ကိုခိုင်းထားပါတယ်။ ‘ဒီနေ့မှာ  စစ်တပ်က ရွာကိုရောက်လာပါတယ် AA က မီးတိုက်ဖို့ကို ခိုင်းပါတယ်၊မီးတိုက်နေတုန်း အချိန်မှာ စစ်တပ်က ကျွန်တော့်တို့ ကို ဖမ်းသွားခဲ့ခြင်းပဲဖြစ်ပါတယ် ” ပြောကြားခဲ့သည်။

       ထို့ကဲ့သို့ AA သောင်းကျန်းသူများသည် အမာခံများမွေးမြူကာ တိုက်ပွဲများကြောင့် လူနေ ထိုင်ခြင်းမရှိသော ကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းများ ပြုလုပ်စေပြီး တပ်မတော်မှ မြို့/ရွာများကို ဝင်ရောက်ဖျက်ဆီးမီးရှို့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ခဲ့သည် မှာ သက်သေအထောက်အထားများဖြင့် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

#PAN