ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတိုက်ပွဲတွင် တပ်မတော်မှ ဓာတုဓာတ်ငွေ့ဗုံးများ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၄

       ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့် တပ်မ တော်နှင့် ထိတွေ့တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းအသုံးပြု၍ ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ အချို့က မဟုတ်မမှန်သတင်းများ  Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ရာ တွင် ထိရောက်သော လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူရယူပြီး တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုများကြောင့် AA အကြမ်းဖက် အဖွဲ့များသည် အကျအဆုံးများလာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် တပ်မ တော်မှ ဓာတုဓာတ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ တရားမဝင် ပြည်ဖျက်မီဒီယာ များအားကိုးကာ သတင်းမှား များ ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်မှ လေကြောင်းပစ်ကူရယူရာတွင် ဓာတုဓာတ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများ တွင်မှ  အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေဒေသ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN