ကလေးမြို့၊ တောင်ဥက္ကလာပနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၃

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့မှ သိရသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့လှိုင်သာယာရပ်ကွက်ရှိ ဒိုကိပ်လျန် ၏နေအိမ်ကိုသတင်းအရရှာဖွေရာနေအိမ်တွင် ပေါင်ရှင်းလာလ်၊ မဒိမ်ရှင်းဘွဲ့နှင့် မကျိန်ရှင်းပွဲတို့အား ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၇ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

      အလားတူ တောင်ဥက္ကလာပနှင့် တာချီလိတ်မြို့ နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

       မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီ ဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက် သရေခေတ္တရာလမ်းရှိ အောင်ထွန်းလင်း (ခ)အန်းတိတ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄၀၀ နှင့် ဆေးခြောက် ၁ ကီလိုကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေရဲမြို့ရှောင်လမ်းတွင် မောင်ဂျင်မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကိုလည်း
ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူး ယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး ဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။

#PAN