ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ ၁ရက်နေ့ တိုက်ပွဲသတင်းများ

ဒီဇင်ဘာ ၂

• ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးတွင် ခိုအောင်းနေသော အကြမ်းဖက် CDF များကို နယ် မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေတပ် ဖွဲ့များက ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သတင်းအရ သွား ရောက်ရှင်းလင်းရာအကြမ်း ဖက်များ ကိုယ်လွတ်ရုန်းထွက်ပြေး သွားကြသည်။ ၎င်းတို့ထံမှ လက်လုပ်သေနတ် ၂ လက်၊ အမ်-၂၂ ကျည်  ၃၁ တောင့်၊ အမ် -၂၂ ကျည်အိမ် ၂ ခု ၊ တစ်ယောက်ပစ်ကျင်း ၂၀ ကျင်းတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။

• စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ပတ်ဝန်း ကျင်အား နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် အင်းတော်မြို့၏ အရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့်အရောက် အကြမ်းဖက် သမား ၇ ဦးသည် ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာသည်ကို တွေ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF ၂ လောင်း၊ M-22 ကျည် ၂၀၀၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁၀၀ လုံး၊ ဆိုင်ကယ် ၅ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း
သတင်းရရှိပါသည်။

• မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၊နရွဲတော ကျေးရွာ၏အရှေ့ဘက်တွင် နယ်မြေလုံခြုံရေး ပူး ပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းစဥ် အကြမ်းဖက် PDF အင်အား ၂၀ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ နယ်မြေလုံခြုံရေးအဖွဲမှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အကြမ်းဖက် PDF ဖက် ထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်သည်။

#PAN