စစ်ပွဲစတင်သည့် ၅၅ ရက်မြောက် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဓားစာခံများ လဲလှယ်ခြင်းများ ဆက်လက်လုပ်ဆောင်

ဒီဇင်ဘာ ၁

      ဟားမတ်စ်တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့်
အစ္စရေးတို့မှ စစ်ပွဲအဖြစ် ကြေညာခဲ့သည်မှာ ၅၅
ရက်သို့ ရောက်ရှိလာခဲ့ပြီး အစ္စရေးနှင့် ပါလက်စ
တိုင်း နှစ်ဖက်စလုံးမှ တရားဝင်အသစ်ထုတ်ပြန်မှု
မရှိ၍ ယခင်သတင်းအတိုင်း ပြောင်းလဲမှု မရှိသော်
လည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ဒဏ်ရာရမှုများ ရှိနေ
ကြောင်း သိရသည်။

        နိုဝင်ဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် သဘောတူညီထားသည့်အတိုင်း ဟားမတ်စ်ဖက်မှ အစ္စရေး ဓားစာခံ ၁၀ ဦးနှင့် ထိုင်းလူမျိုး ဓားစာခံ ၄ ဦး တို့ကို လွှတ်ပေးခဲ့ပြီး အစ္စရေးတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်းအမျိုးသမီးနှင့်ကလေး ၃ဝ ဦးကို အစ္စရေးဖက်မှ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

        IDF မှ ဂါဇာတွင် ဓားစာခံ ၁၅၉ ဦးကျန်ရှိနေသေးသည်ဟု ယုံကြည်ထား၍ အစ္စရေးနှင့် ဟားမတ်စ်တို့ ဂါဇာစစ်ပွဲကို နောက်ထပ် ၂၄ နာရီကြာ ဆိုင်းငံ့ထားရန် နှင့် ကြာသပတေးနေ့ညတွင် နောက်ထပ်ဓားစာခံ ၈ ဦးကို လွှတ်ပေးရန် သဘောတူညီခဲ့ကြပြီး လွန်ခဲ့သည့် သီတင်းပတ်ကစ၍ အစ္စရေးဓားစာခံ စုစုပေါင်း ၈၁ ဦးကို လွှတ်ပေးခဲ့ကြောင်း၊ “ဓားစာခံ ၁၀ ဦး စာရင်းကို ဒီမနက် ၇ နာရီမှာ မထုတ်ပြန်ရင် တိုက်ပွဲတွေ ချက်ချင်းပြန်စမယ်” ဟု ဝန်ကြီးချုပ်ရုံးက ပြောဆိုခဲ့ကြောင်း၊ “မကြာသေးမီက အစ္စရေးသည် သဘောတူစည်းကမ်းချက်များနှင့်အညီ အမည်စာရင်း ရရှိခဲ့ပြီးဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို ဆက်လုပ်ဆောင်သွားမည်”ဟု ၎င်းက ပြောကြားခဲ့ကြောင်း၊ ဟားမတ်စ်အဖွဲ့က အမျိုး သမီးနှင့်ကလေး ၇ ဦးနှင့် သေဆုံးသူ ၃ ဦးကိုသာ လွှတ်ပေးမည်ဟု ကနဦးတွင် ပြောကြားခဲ့ပြီး နောက် ဆုံး ၈ ဦးလွှတ်ပေးမှုနှင့် သဘောတူညီခဲ့ကြသည်။

        နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အစ္စရေးမြောက်ပိုင်းရှိ Dovevi Mattat နှင့် Sasa ဧရိယာများတွင် လေကြောင်းအချက်ပေးသံများကြားရပြီး လက်ဘနွန်မှ အစ္စရေးပိုင်နက်ထဲသို့ ဖြတ်ကျော်လာသော သံသယဖြစ်ဖွယ် လေကြောင်းပစ်မှတ်တစ်ခုကို IDF Aerial Defense Array သည် အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဂျော်ဒန်ချိုင့် ဝှမ်းဒေသရှိ Moshav Beka’ot နှင့် ကပ်လျက် IDF စစ်ဆေးရေးဂိတ်တွင် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်လာသူကို ချေမှုန်းခဲ့ကြောင်း၊ IDF တပ် ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သံသယရှိသူများကို နယ်မြေခံတပ်များက ရှာဖွေနေကြောင်း သိရသည်။

       IDF ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက
ပစ်အခတ်ရပ်စဲရေးချိုးဖောက်ပြီး အစ္စရေးတပ်ဖွဲ့ကို
ခြိမ်းခြောက်ခဲ့သော ဂါဇာကမ်းမြှောင်မှအကြမ်းဖက်
၃ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

#PAN