သံမဏိကြိုးဆိုင်း တံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံးတံတားအဖြစ် ဒလတံတားကို ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်မည်

နိုဝင်ဘာ ၃၀

    ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတားကို လာမည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ် တော့မည်ဖြစ်ဝည်ဟု ဆောက် လုပ်ရေးဝန် ကြီးဌာနမှ သိရပါသည်။ ရန်ကုန်-ဒလ မြစ်ကူးတံတားကို တန်ချိန် တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများ တံတားအောက် မှ ဖြတ်သန်းသွားနိုင်ရန် ၄၉ မီတာအမြင့်နှင့် တည်ဆောက်ထားပြီး တံတားအရှည် စုစုပေါင်း မီတာ ၁၈၀၀ ကျော် ရှိပါသည်။

       တံတားမှာ လူသွားလမ်း လေးမီတာအကျယ် နှစ်ဖက်ပါဝင်ပြီး ခံနိုင်ဝန် ၇၅ တန်နှင့် ရန်ကုန် ဘက်ခြမ်းမှာ ဘုန်းကြီးလမ်းဘက်ကို နှစ်လမ်းသွား တံတားတစ်စင်း၊ ဆူးလေနှင့် အလုံဘက်ကို တစ်လမ်းမောင်း တံတားတစ်စင်းစီ ထည့်သွင်း တည်ဆောက်ထားသည်ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

      အဆိုပါ တံတားစီမံကိန်းမှာ မြန်မာ – ကိုရီးယား ချစ်ကြည်ရေးအဖြစ် ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေနှင့် မြန်မာအစိုးရထည့်ဝင်ငွေ အပါအဝင် စုစု ပေါင်း ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၆၈ သန်းကျော် အကုန်ကျခံ တည်ဆောက်နေခြင်း ဖြစ်သည်ဟု သိရပါသည်။ ရန်ကုန်-ဒလ မြစ်ကူးတံတားသည် မြန်မာ နိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံး ဖြစ်လာမည် ဖြစ်ပါသည်။

#PAN