ဘာစီလိုနာ၊ ဒေါ့မွန်၊ လာဇီယိုနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် တက်လှမ်း

နိုဝင်ဘာ ၃၀

    နိုဝင်ဘာ ၂၈ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်(၅)ရဲ့ ပထမနေ့ပွဲစဉ်တွေအပြီးမှာ ဘာစီလိုနာအသင်း၊ ဒေါ့မွန်အသင်း၊ လာဇီယိုအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းအသီး သီးကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလဂ်(၁၆) သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

     ဘာစီလိုနာအသင်းဟာ ပေါ်တိုအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဒေါ့မွန်အသင်းက အေစီမီလန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ လာဇီယိုအသင်းက ဆဲလ်တစ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အက်သလက်တီကိုမက်ဒရစ်အသင်းက ဖီယင်နုအသင်းကို သုံးဂိုး-တစ်ဂိုး တို့ဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းခဲ့တာဖြစ်ပါတယ်။

       ချန်ပီယံလိဂ် ဖလားကို ငါးကြိမ် ဆွတ်ခူးထားတဲ့ ဘာစီလိုနာအသင်းဟာ ၂၀၂၀- ၂၀၂၁ ဘော လုံးရာသီနောက်ပိုင်းရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

        နိုဝင်ဘာ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့အခြားသော ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ ယန်းဘွိုင်းစ်အသင်းက ဘဲလ်ဂရိတ်အသင်းကို နှစ်ဂိုး- ဂိုးမရှိ၊ ရှက်တာဒိုးနက်အသင်းက ရွိုင်ရယ်အန်ဝါ့အသင်းကို တစ်ဂိုး- ဂိုးမရှိ အသီးသီးနိုင်ပွဲရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်မှာတော့ တစ် ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

      ချန်ပီယံလိဂ်အုပ်စု အဆင့်ပွဲစဉ်(၅) ပွဲစဉ်တွေမတိုင်ခင်ကတည်းက မန်စီးတီးအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ရီးယဲလ်ဆိုစီဒက်အသင်း၊လိုက်ပ်ဇစ်အသင်း၊ အင်တာမီလန်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်း စတဲ့အသင်းခြောက်သင်းဟာ (၁၆)သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိထားပြီးဖြစ်တာကြောင့် လက်ရှိအချိန်မှာ ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ကို တက်လှမ်းခွင့်ရတဲ့အသင်း ၁၀ သင်းအထိရှိသွားပြီလည်းဖြစ်ပါ တယ်။

      ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၄ ရက်၊ ၂ဝ ရက်နှင့် ၂၁ ရက်တို့မှာလည်းကောင်း၊ ဒုတိယ အကျော့ပွဲစဉ်တွေကို မတ် ၅ ရက်၊ ၆ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့မှာလည်း ကောင်း ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

#PAN