အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

နိုဝင်ဘာ ၂၈

ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်တိုက်နယ်၊ တမာကုန်း ရပ်ကွက်ရှိ အိုးတော်ရက်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့ ခြံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားကောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် ပေါက်ကွဲသံကြားရကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှသွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ရာ ဗုံးကလစ်တစ်ခု၊ ဗုံးစနစ်တံတစ်ချောင်း၊ စပလိန်တစ်ချောင်းတွေ့ရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မူမရှိကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ရုံးအနီး ဖွင့်လှစ်ထားသည့် ဦးသက်ဇော် ပိုင်ဆိုင်သော သက်ဇော် -၂ ကဖေးနှင့်အအေးဆိုင်မှ TCL ၃၂ လက်မ၊ TV ရှေ့မှန် ဗုံးစမှန် ပေါက်ထွက်၊ ကာလတန်ဖိုး ၂သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိနိူင်ပါရန် တင်ပြအပ်ပါသည်။

PAN