အာဂျင်တီးနားအသင်းပရိသတ်တွေကို ထိန်းသိမ်းခဲ့တဲ့ ဘရာဇီးလ်ရဲတွေကို မက်ဆီ ပြစ်တင်ရှုတ်ချ

နိုဝင်ဘာ ၂၃

     အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အာဂျင်တီးနားအသင်းပရိသတ်တွေကို ထိန်း သိမ်းခဲ့တဲ့ ဘရာဇီးလ် ရဲတွေရဲ့ လုပ်ရပ်ဟာ ကျင့်၀တ်မရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

      မက်ဆီ က အခုလုပ်ရပ်ဟာ နောက်ဆက်တွဲအကျိုး ဆက်အဖြစ် ပရိသတ်သေဆုံးမှုအထိ ဖြစ်လာနိုင်တယ်လို့ ပြစ်တင်လိုက်ပါတယ်။ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နှစ်ဘက်ပရိသတ် ခိုက်ရန်ဖြစ်ပွားတာကြောင့် ဝင်ထိန်းရင်း အာဂျင်တီးနားအသင်း ပရိသတ်တွေကို လိုအပ်တာထက် အင် အားသုံး ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။

      ဘရာဇီးလ်ရဲတွေက အာဂျင်တီးနားပရိသတ်တွေကို နံပါတ်တုတ်နဲ့ ရိုက်နှက်ခဲ့ပြီး နံပါတ်တုတ်ကိုင်ဆောင်ကာ ရိုက်နှက်နေတဲ့ ဘရာဇီးလ် ပရိ သတ်တစ်ဦးကိုလည်း မြင်ခဲ့ရပါတယ်။

#PAN