တရားမဝင် ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော် ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၀

     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး   ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှပိုင်ရှင်က ထုတ်ယူလိုသော ဆန္ဒမရှိ
သည့် ကုန်ပစ္စည်းများဖြစ်သော Textile Materials အထည်အလိပ် ၂၀၅၇၈၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေ – ၆၂,၆၄၄,၆၆၅ ကျပ်)၊ Textile Fabric Fiber ကီလိုဂရမ် ၁၅၅၀၀၀ (ခန့်မှန်းတန်ဖိုးငွေ ၄၇,၁၁၁,၄၇၅ ကျပ်)၊ Trifamox (ပိုးသတ်ဆေး) ဆေးဝါးဘူး ၉၈၀၀
အပါအဝင် ကုန်ပစ္စည်း သုံးမျိုး(ခန့်မှန်းတန်ဖိုးငွေ ၃၇၀,၇၂၈,၇၈၂ ကျပ်)၊ ဂုံအိတ်နှင့် အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်း ကီလိုဂရမ် ၆၀၇၀၀ (ခန့်မှန်းတန်ဖိုးငွေ ၁၈,၃၂၇,၉၂၂ ကျပ်)၊ ရော်ဘာစေးထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း ၁၇၉၂၅ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုးငွေ ၁၃,၁၂၄,၆၈၅ ကျပ်)နှင့် ဓာတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၇၆,၈၆၀)ကို လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင်ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသော InnoPlus Linear Low Density Polyethylene ၁၀၀၀ ကီလိုဂရမ်၊ CAMEL Motor- cycle Tube အခု ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၀၀,၀၀၀)၊ Xuemel Monosodium Glutamate ၁၇၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်း ကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ် ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စ ာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Prawn Hornet ဟင်း သီးဟင်းရွက်ဆီ ၁၈ လီတာပါဘူး ၂၁၀ (ခန့်မှန်း တန်ဖိုးငွေ ၁၀,၅၀၀,၀၀၀ ကျပ်)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၅၇၅,၇၁၄,၃၈၉ ကျပ်ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေ ၆၃၆,၂၁၄,၃၈၉ ကျပ် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သိရသည်။

#PAN