အာရှ-ပစိဖိတ်ဒေသက ပထဝီနိုင်ငံရေး အားပြိုင်သည့်နေရာမဖြစ်သင့်ဟု ရှီကျင့်ဖျင် ပြော

နိုဝင်ဘာ ၁၈

     အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးအားပြိုင်သည့်နေရာ မဖြစ်သင့်ကြောင်းနှင့် ထိုဒေသကို ခေတ် သစ်စစ်အေး တိုက်ပွဲအတွင်းသို့ ဆွဲခေါ်မသွားသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ကပြောသည်။

      “အာရှ-ပစိဖိတ်ဒေသက ပထဝီနိုင်ငံရေးပြိုင် ဆိုင်မှုအတွက် ကစားကွင်းမဖြစ်သင့်ပါဘူး။ ဒါ့အပြင် ခေတ် သစ်စစ်အေးတိုက်ပွဲ ဒါမှမဟုတ် စခန်းချထိပ်တိုက်ရင်ဆိုင်မှုဆီသို့လည်း ဆွဲခေါ်မသွားသင့်ပါဘူး” ဟု ရှီကျင့်ဖျင် က APEC ထိပ် သီးအစည်းအဝေး၌ပြောကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနကဖော်ပြထားသည်။

      ထို့ပြင် APEC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာရှ-ပစိဖိတ်ဒေသ၏ ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ် အေး ချမ်းမှုကို ထိပ်တိုက်တွေ့ဆုံခြင်းနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ထက် ဆွေးနွေးညှိနှိုင်းပြီး မိတ်ဖက်ပူးပေါင်းမှုမှ တစ်ဆင့် ထိန်းသိမ်းနိုင်ရန် နိုင်ငံအချင်းချင်းဆက်ဆံရေးအတွက် မှန်ကန်သောစံသတ်မှတ်ချက်များကို လိုက်နာ သင့်ကြောင်း ရှီကျင့်ဖျင် ကပြောသည်။

       အလားတူ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပူး ပေါင်းဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိနိုင်ကြောင်းနှင့် ဒေသတွင်းရှိ နိုင်ငံများအနေဖြင့် အာရှ-ပစိဖိဖိတ်ဒေသတွင် လွတ်လပ်သော ကုန်သွယ် ရေးနယ်မြေကို တည်ကြည် ခိုင်မာစွာထူထောင်ရန် တောင်းဆိုကြောင်း ရှီကျင့်ဖျင် ကဆက်ပြောသည်။

      တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအနေဖြင့် အရည် အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး တိုးတက်မှုတို့နောက်ကို လိုက်လျက်ရှိသည်ကို ရှီကျင့်ဖျင် က ပြောထားကြောင်း Sputnik သတင်းဌာနက ဖော်ပြထားသည်။

#PAN