ယူကရိန်းနိုင်ငံက တိုက်ခိုက်မှုများရပ်လျှင် နောက်ထပ်ကိုရီးယားနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာနိုင်ဟု ဆို

နိုဝင်ဘာ ၁၄

      ယူကရိန်းနိုင်ငံသည် ယခုအချိန်တွင် တိုက် ခိုက်မှုများကို ရပ်တန့်ပြီး NATO တပ်ဖွဲ့ထံမှ အကန့်အသတ် ရှိသော အကာအကွယ်ကိုရယူကာ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်လိုက်ပါက နောက် ထပ် ကိုရီးယားနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း အငြိမ်းစား အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ကပြောသည်။

      အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစတေဗ်ရီဒစ် က ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ရွေး ချယ်ရမည့် လမ်းကြောင်းသုံးခုကို ၎င်းရေးထားသည့် ဆောင်းပါး တစ်ပုဒ်တွင် ထည့်သွင်းဖော်ပြထားသည်။

       ထိုလမ်းကြောင်းသုံးခုအနက် တစ်ခုမှာ ယူကရိန်းအနေဖြင့် ရုရှားနှင့် လက်ရှိဖြစ်နေသော စစ်ပွဲကို ရပ် တန့် ရန်ဖြစ်ပြီး ထို့သို့ ရပ်တန့်ပါက ရေရှည်တွင် အောင်ပွဲခံနိုင်လိမ့်မည်ဟု ရေးထားသည်။ NATO တပ်ဖွဲ့၏ ထိပ်တန်း တပ်မှူးဖြစ်ခဲ့သည့် ဂျိမ်းစတေ့ရီဒစ် ရေးသားထားသည့် ဆောင်းပါးတစ်ခုတွင် ယခုအချိန်မှာ စစ်ပွဲကို ရပ်တန့်ခဲ့ရင် နောင်ဆယ်စုနှစ် အနည်းငယ် ကြာသည့် အချိန်တွင် ဂျီဒီပီအရဖြစ်စေ၊ ကောက်ပဲ သီးနှံထွက်ရှိမှုအရဖြစ်စေ၊ ပြည်သူများနေချင်တဲ့ ဒီမိုကရေစီဘဝနေထိုင်မှု ဖြင့် ရုရှားနိုင်ငံကိုကျော်တက်သွားမည် ဟု ဖော်ပြထားသည်။ နောက်ထပ်ရွေးချယ်စရာလမ်းကြောင်းတစ်ခုက ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးရန်ဖြစ်ပြီး ရုရှားထိန်းချုပ်ထားသော နယ်မြေများအတွက် ကာကွယ်ပေးရန် မလိုဟူသော အချက်ကို ထည့် သွင်းရမည် ဖြစ်သည်။ သို့မဟုတ် ပါက အချုပ် အခြာအာဏာကို အပြည့်အဝ ပြန်လည်ရရှိရန် NATO တပ်ဖွဲ့၏ လုပ်ဆောင်ချက်မှန်သမျှကို ထိုအဖွဲ့ကြီး၏ စုပေါင်းဆုံးဖြတ်ချက်ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းကရေးသား ဖော်ပြထား သည်ကို တွေ့ရသည်။

      ထို့အတူ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောလျင်စွာ လုပ်ဆောင်ခြင်းသည်လည်း ယူကရိန်းနိုင်ငံကို အံ့ဩဘနန်း ဖြစ်စေမည့် ပြောင်းလဲမှုကို ဦးတည်စေနိုင်မည်ဖြစ် ကြောင်း အငြိမ်းစားရေ တပ် ဗိုလ်ချုပ်ကြီး က အကြံပြု ရေးသားထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရသိရသည်။

#PAN