နိုဝင်ဘာ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်တွင် ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်က စိစစ်ဆဲ Surf ကားတစ်စီး ဗုံးပေါက်ကွဲခဲ့ရာ အဆိုပါကားမှာ တစ်စစီဖြစ်သွားပြီး လူ့ခန္ဓာကိုယ် ခြေပြတ်၊ လက်ပြတ် အပိုင်း အစများတွေ့ရှိရကြောင်း သိရပါသည်။
” မနေ့က ညဦးပိုင်းက ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရတယ်၊ သွားကြည့်တော့ ကားပေါ်က ဗုံးကွဲတာ၊ ကားပေါ်မှာ လူ ဘယ်နှစ်ဦးပါလဲ မသိဘူး၊ ကားက မြို့ပေါ်ကားမဟုတ်ဘူး၊ မြို့ပေါ်က လူတွေပြောတာကတော့ ရိခေါဒါရ်လမ်းကြောင်းပေါ်က ဝင်လာတယ်လို့ ပြောတယ် ” ဟု မြို့ခံပြည်သူ တစ်ဦးက ပြောပါ သည်။
တီးတိန်မြို့သည် စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်မြို့ဖြစ်ပါသည်။ အဆိုပါ ကားဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင် ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။
#PAN