ရှမ်းပြည်နယ်(မြောက်ပိုင်း) ညနေပိုင်း ရရှိသော နောက်ဆုံးရ တိုက်ပွဲသတင်းများ

နိုဝင်ဘာ ၃

■   လားရှိုးမြို့နယ်၊ နမ့်ကျန်ကျေးရွာနှင့် ကောင်းခါးကျေးရွာအနီးသို့ အကြမ်းဖက်များချဉ်းကပ်လာသောကြောင့် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က တပ်မ တော်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

■   လားရှိုးမြို့နယ်၊ မက်ချီးနုရွှာ အထွက် ပန်စိမ်းရွှာလမ်းခွဲ ရာဘာတော တရုတ်ဝက်ခြံ တွင် အကြမ်းဖက်အင်အား ၈၀ ခန့် ကတုတ်ကျင်းများတူး၍ နေရာယူ ထားကြောင်း မြေပြင်သတင်းရရှိပါသည်။

■   နမ္မတူမြို့နယ် ၊ မန့်ပွေးကျေးရွာထဲသို့ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း၊ နမ္မတူမြို့နယ်၊ဘော်တွင်းကျေးရွာအတွင်းသို့ NLD ပါတီမှ အကြမ်းဖက်ခေါင်းဆောင် မဲတူ ဆိုသူရောက်ရှိလာကြောင်း၊ အုပ်ချုပ်ရေးမှူးအား (ဘော်တွင်းကို ငါတို့သိမ်းလိုက်ပြီ၊ငါခိုင်းတာဘဲမင်းတို့လုပ်ရမယ်ဟုခြိမ်းခြောက်) ခဲ့ကြောင်း၊ ဘော်တွင်းနေ NLD အမာခံများဖြစ်ကြသော ခင်မောင်မြင့်နှင့်ဖိုးထူး တို့သည် မဲတူကိုသွားတွေ့ခဲ့ကြောင်း၊ ဘော်တွင်းရန်နိုင်ကွေ့တွင်နေထိုင်သူ မဲတူရဲ့အမေ ကျန်းမာ ရေးမကောင်း၍ လာတွေ့ခြင်းဖြစ်ကြောင်း၊ မဲတူသည် မဲအငြင်းပွားမှု့နှင့်ပက်သက်၍ ကြံ့ခိုင်ရေးပါတီဝင်များကိုသတ်ဖြတ်ရန်ခြိမ်းခြောက်နေသူဖြစ်ကြောင်း သိရပါသည်။

■   နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာဖက်မှ ဖိုးဝှီးကား အများအပြားဖြင့် TNLA အကြမ်းဖက်သောင်းကျန်းသူများ နမ္မတူမြို့ဖက်သို့ ထွက်ခွာသွားသည်ဟု မွန်းလွဲ ၃ နာရီခန့်တွင် သတင်းပေးပို့လာသည်။ နမ္မတူမြို့အဝင် ခိုဖိတ်ကျေးရွာ ကျွန်းတောနှင့်ဂေါက်ကွင်းအနီးတွင် TNLA အကြမ်း ဖက် အင်အား ၅၀ဝ ခန့်ရောက်ရှိနေကြောင်း၊ နားဆိုင်းကျေးရွာမှ ကား ၃ စီးဖြင့် အင်အား ၁၅၀ ခန့်နမ္မတူမြို့ဖက်သို့ ည ၈ နာရီ ၂၅ မိနစ်တွင် ထွက်ခွါသွားကြောင်း၊ နမ္မတူအခြေစိုက် ခမရ (၃၂၄)နှင့် နမ္မတူမြို့တို့အား နိုဝင်ဘာ ၄ ရက်နေ့တွင် တိုက်ခိုက်မည်ဟု အတွင်းသတင်းရရှိပါသည်။

■   နမ္မတူ၊ ဘော်တွင်း၊ ဆည်ကြီးထိပ်တွင်ရှိသော တပ်စခန်းအား နိုဝင်ဘာ ၁ ရက်နေ့က အကြမ်းဖက်များ ဝင်ရောက်ထိုင်နေသည်ကိုတွေ့ရှိခဲ့ပြီး ၄င်းစခန်းအား နိုဝင်ဘာ ၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရပါသည်။

■   သိန္နီမြို့တွင် ယနေ့ ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ ရဟတ်ယာဉ် ၄ စီးဖြင့်လည်း ပစ်ကူပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

■   ယမန်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်အတွင်းရှိ လူငယ်အချို့အား လူသစ်အဖြစ် ဖမ်းခေါ်သွားခဲ့သည်ဟု သိရသည်။

■   မန်တုံမြို့နယ် ပြည်သူ့စစ် စခန်းနှင့် ရဲစခန်းတို့အား အကြမ်းဖက်များမှ ယနေ့ တိုက်ခိုက်နေကြောင်း သတင်းရရှိပါသည်။