ကရင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် ဆက်စပ်သည့် နောက်ဆုံးရသတင်းများ

■  ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ  ခုတ်ခွားစခန်းကို အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်နေကြောင်း သိရှိရသည်။

■   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ(၇)၊ တပ်ရင်း(၂၄)မှ တပ် ရင်းမှူးဟောင်း ဒုတိယဗိုလ်မှူးကြီးစောအောင်ဟန် သည် ယမန်နေ့တွင် ကွယ်လွန်သွားကြောင်းသိရှိရသည်။

■  အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်း ဖက်သောင်းကျန်းသူများက ကော့ကရိတ်မြို့တွင်းသို့ ၀င်ရောက်တိုက်ခိုက်မူကြောင့် အမှတ်(၇) ရပ် ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများနေအိမ်စွန့်ခွာပြီး စစ်ရှောင်ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် အသုတ်လိုက် ပြန်လည်၀င်ရောက်နေထိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

■  အောက်တိုဘာလ ၂၈ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့အကြား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ထိခိုင်ကျေးရွာ   KNU တပ်မဟာ (၆) ခရိုင်ရုံးရှိ KNU သင်တန်းကျောင်းကို တပ်မတော်လေမှ လေယာဥ်ဖြင့် လာရောက်ဗုံးကျဲရာ ထိခိုက်သေဆုံးမှုများရှိရာ နိုင်ငံခြားသား လက်နက်ကြီးနည်းပြ တစ် ဦးသေဆုံးကြောင်း သတင်းရရှိပါသည်။

#PAN