ကာဇက်စတန်နိုင်ငံရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး ၃၂ ဦး သေဆုံး

အောက်တိုဘာ ၃၀

       အာရှအလယ်ပိုင်းနိုင်ငံ ကာဇက်စတန် ရှိ  Arcelor Mittal သတ္တုတွင်းကုမ္ပဏီပိုင် ကျောက် မီးသွေးတွင်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၃၂ ဦး သေဆုံးပြီး ဒါဇင်ကျော်ပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။

       နိုင်ငံအလယ်ပိုင်း ကာရာဂဒါဒေသတွင် အောက် တိုဘာ ၂၈ ရက်က မိုင်းတွင်း မတော် တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားသည်။

        ကာဇက်ခ် အာဏာပိုင်များသည် မတော် တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အဆိုပါသတ္တုတွင်းကုမ္ပဏီ၏ မိုင်းတွင်းလုပ်သားများအတွက် ဘေးကင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

       ထို့ပြင် မိုင်းတွင်းပေါက်ကွဲမှုအတွင်း ပျောက် ဆုံးလျက်ရှိသည့် မိုင်းလုပ်သား ၁၄ ဦးကို ရှာဖွေလျက်ရှိသည်။ မတော်တဆမှုဖြစ်ပွားချိန်တွင် သတ္တုမိုင်းအတွင်း အလုပ်သမား ၂၅၀ ခန့် လုပ် ငန်းများ လုပ် ဆောင်နေကြောင်းနှင့် လုပ်သားအများစုကို ရှာဖွေကယ်ဆယ်ထားပြီး ဖြစ် ကြောင်း သတ္တုတွင်းကုမ္ပဏီက ပြောသည်။

        ကာဇက်စတန်သမ္မတ တိုကာယက်ဗ် သည် အခင်း ဖြစ်ရာနေရာသို့ သွားရောက်ခဲ့ပြီး သေဆုံးသွားသည့် အလုပ်သမားများ၏ မိသားစုများအား ဝမ်းနည်းစကားပြောကြားကာ ထောက်ပံ့ကူညီမှုများ ဆောင် ရွက်ပေးမည် ဖြစ်ကြောင်းနှင့် လိုအပ် သလို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

        အဆိုပါ သတ္တုတွင်းကုမ္ပဏီသည် ကာဇက် စတန်နိုင်ငံ၌ သတ္တုတွင်းအများအပြားပိုင်ဆိုင်ပြီး မတော် တဆမှုများ မကြာခဏကြုံတွေ့ခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။

       သြဂုတ်လအတွင်း ယင်းကုမ္ပဏီပိုင်ဆိုင်သည့်
သတ္တုတွင်းတစ်ခု၌ မတော်တဆဖြစ်ပွားရာ မိုင်းလုပ် သား ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

#PAN