အယ်ဒီတာ အာဘော်

အောက်တိုဘာ ၂၉

နိုင်ငံရေးနဲ့စစ်ရေးမှာ ထာဝရ မိတ်ဆွေ ၊ ထာဝရ ရန်သူဆိုတာမရှိ ထာဝရ အကျိုးစီးပွားသာ ရှိပါသည်။ အနောက် အုပ်စု၊တရုတ်၊ အိန္ဒိယအားလုံးသည် အကျိုးစီးပွားသာ ဖြစ်သည်။ မိတ်ဆွေ မဟုတ်ပါ။ ကမ္ဘာကြီး၏ အုပ်စု ၂ ခုတွင် ဟိုဘက် လည်း မရောက် ဒီဘက်လည်း မရောက် အလည်တွင် ပတ်ပြေးနေသော မြန်မာနိုင်ငံသည် အချိန်မရွေး ကျူးကျော်ခံရနိုင်ပြီး မျက်စိ တစ်မှိတ်အတွင်း လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးသွားနိုင်သည် ဆိုသောအချက်ကို သတိထားမိရန် လိုသည်။

ယူနန်အစိုးရ ၏ သဘောထား တရုတ်ပြည်မကြီး အစိုးရ၏ သဘောထား တို့သည် တည်ငြိမ်မှုမရှိပါ။ ယူနန်အစိုးရ ဘဏ်များတွင် မြောက် ၃ ကောင်ခေါင်းဆောင်များ၏ငွေကြေး အဝင်အထွက်များ ရှိသည်။

ယူနန်အစိုးရက သူတို့ကို စီးပွားရေးအရ ခွင့်ပြုထားခဲ့သည်။ ကချင်ပြည်နယ်တွင် ကျွန်းသစ် မရှိတော့ပါ ယူနန်က အကုန်ဝင်ခုတ်ခဲ့ကြသည်။ ယခု စစ်ကိုင်းတိုင်းဒေသကြီးအထိ သစ်ဝင်ခိုးကြပါသည်။ ဒါက ယူနန်အစိုးရနှင့် လက်နက်ကိုင် အုပ်စုများ၏ မှောင်ခိုစီးပွားရေး စပ်ဆက်မှု ဖြစ်သည်။

တရုတ် ၏ အကျိုးစီးပွားကို ထိခိုက် နေသော ကျားဖြန့်ကိစ္စသည် အကြောင်းပြ စရာမဟုတ်ပါ။ မြန်မာအစိုးရက ပူးပေါင်း လုပ်ဆောင်နေသည်။ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ အားပြိုင်မှုမှ ကျားဖြန့် ကိစ္စသည် ပစ်မှတ်ဖြစ်လာခဲ့သည်။ လက်ရှိအခြေအနေသည် မြန်မာပြည်တွင်း တရုတ်မုန်းတီးရေး ပိုမိုပြင်းထန် လာဖွယ်ရာ ရှိသည်။

မြောက် ၃ ​ကောင်သည် တရုတ်ကျားဖြန့် ကိစ္စကို အကြောင်းပြထားရာ တရုတ် ပရောဂါ မကင်းဆိုသော အချက်မှာ ထင်ရှား သည်။

ယခင်ကပင် တရုတ်၏ စီးပွားရေး နိုင်ငံရေး ခေါင်းပုံဖြတ်မှုကြောင့် မုန်းတီးရေး အခံရှိကြသော မြန်မာပြည်သူများ အနေဖြင့် ယခု မြောက်၃ ကောင်ကိစ္စသည် အခြေအနေကို ပိုမို တွန်းအားပေးဖွယ်ဖြစ်လာသည်။ NUG ပဒက် အုပ်စုနှင့် တရုတ်သည် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်။ အနောက်အုပ်စု လက်ဝေခံကျွန်အုပ်စု nug သည် တရုတ် နှင့် အကျိုးစီးပွားလားရာ ဆန့်ကျင်ဘက်ဖြစ်သည်။ ယခု တရုတ်မွေးမြူထားသော မြောက် ၃ ကောင်နှင့် မြန်မာ့အရေးကို ဝင်ကစားရာတွင်နောက် ကွယ်၌ တရုတ်ယူနန်ပြည်နယ် အစိုးရ ပယောဂ လုံးဝမကင်းသောအချက်ကို သုံးသပ်တွေ့ရှိရသည်။

တစ်ဖက်တွင် kia ကို တပ်မတော်က ထိန်းချုပ်ထားသည့် အတွက် kia ထွက်ပေါက်အတွက် ရှမ်းမြောက်တွင် တိုက်ကွက် ဖော် ဆောင်ရန် ကျားဖြန့်ကိစ္စ ကို အသုံးချခြင်းလည်း ဖြစ်နိုင်ပါသည်။ ၂၇-၁၀-၂၀၂၃ ရက်နေ့ မတိုင်မီ ၂၆/ရက်နေ့တွင် နောင်ချို ဟိုခိုတိုက်ပွဲ၊ မိုးကုတ်တိုက်ပွဲများတွင် TNLA နှင့် ၄င်း၏ လက်အောက်ခံ pdf များ အထိနာခဲ့ရသည်။

တပ်မတော် က အာဏာမထိန်းမှီကပင် ထိုးစစ်များ ရပ်တန့်ပေးထားရာ လက်နက်ကိုင် အုပ်စုများ အင်အားစုဆောင်းရန် အချိန်ရနေသည်။ တစ်ဖက်တွင် နိုင်ငံရေးအရ nld အုပ်စု ပြုတ်ကျခြင်းကို ဂျေးဝင်ပြီး Nld ထောက်ခံ ပါတီဝင်ဗမာ
အများစုလည်း နယ်စပ်သို့ ထွက်ပြေးကြရာ လက်နက်ကိုင်အုပ်စုများ အင်အားစုမိလာခဲ့ကြသည်။

အလကား ထမင်း​ကျွေးနေသော ပဒက်ဗမာများနှင့် mndaa က တပ်သားသစ်စုဆောင်းထားရသော ပလောင်များကို အင်အားလျော့ချရန် လည်း လိုအပ်လာရာ နိုင်ငံရေးအရ ကျားဖြန့်ကိစ္စနှင့် ဆက်နွယ်၍ တိုက်ကွက်များဖော်ဆောင်ရန် ဖြစ်လာခဲ့သည်။ နိုင်မည်ထင်၍ တိုက်နေခြင်းမဟုတ်ပါ။ အင်အားလျော့ချဖို့ဖြစ်သည် ဝ တပ်မှူး ၂ ယောက်ကို တရုတ်က ကျားဖြန့် ကိစ္စဖြင့် တရုတ်က ဖမ်းဝရမ်းထုတ်ထားပြီး ထွက်ပြေးနေဆဲ ဖြစ်သည်။ ဝ အထောက်အပံ့ သည် မြောက် ၃ ကောင် နှင့် လုံးဝ မကင်းပါ။

ဝ လက်နက် kia လက်နက်များသည် ဗမာချင်းသတ်ဖို့ ထုတ်နေ ကြခြင်းဖြစ်သည် ဆိုသောအချက်ကို ဗမာအများစု သဘောမပေါက်ကြပါ။ လက်နက်ကိုင် အရေးအားလုံးသည် တစ်ချိန်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ထိခိုက်လာမည်မှာ သေချာပါသည်။ တစ်ဖက်တွင် ပဒက်သောင်းကျန်းမှု ပြည်သူ များကို အကြောင်းမဲ့သတ်ဖြတ်မှုများက လည်းရှိနေသည်။ ပြည်တွင်းရေးပြဿနာ အားလုံးသည် စစ်ရေးအရသာ ဖြေရှင်းရမည့် ကိစ္စများဖြစ်လာခဲ့သည်။

နိုင်ငံရေးအရ အခွင့်အရေးကိုသာ လိုချင်ကြပြီး ငြိမ်းချမ်းချမ်းလိုစိတ် ပင်ကိုယ်ကပင်မရှိသော လက်နက်ကိုင် အုပ်စုများ အတွက်ယခင်က အတိုင်းထိုးစစ်များဖြင့်သာ ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ စစ်ကို လိုလားနေကြသော လက်နက်ကိုင် အုပ်စုခေါင်းဆောင်များအတွက် ငြိမ်းချမ်းရေးအတွက် ထိုးစစ်များရပ်ဆဲ ပေးထားခြင်းသည် မဟာအခွင့်အရေးကြီး ဖြစ်နေအုံးပါမည်။ မြွေမသေဒုတ်မကျိုး ဖြင့် ကာလတစ်ခုကို ဖြတ်သန်းယုံလောက်သာ ရှိသော လုပ်ဆောင်မှုများသည်
စစ်မှန်သော ငြိမ်းချမ်းရေးအတွက် မသင့်လျောပါ။ ကာလတစ်ခုသာ ဖြစ်ပါလိမ့်မည်။

ငြိမ်းချမ်းရေးကို အစိုးရက တကြော်ကြော်ခေါ် နေခြင်းသည်ပင် နိုင်ငံရေးအရ အရှုံးပြနေပြီးလို့ သူတို့က ယူဆနေပြီး အစိုးရအပေါ် အရိုအသေတန်သော သဘောရှိနေပါသည်။ မှတ်မိကြ အုံးမည်ထင်ပါသည်။ ၂၀၁၁ ခုနှစ် ၊ ပွိုင် ၇၇၁ ကို တပ်မတော် သိမ်းအပြီး လိုက်ဇာမုဒ်ဦးကို တပ်မတော်စစ်ကြောင်းများ ရောက်ချိန်ကြမှ ဂွမ်းမော်တို့ငြိမ်းချမ်းရေးကို အရမ်းလိုလားခဲ့သော ဖြစ်ရပ် များရှိနေပါသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး စကားပြောတာလည်းပြော တစ်ဖက်တွင် ဒုတ်ကြီးကြီးဖြင့် ရိုက်နေဖို့လည်း လိုအပ်ပါသည်။ ဒုတ်ကြီးကြီးဖြင့် မရိုက်သ၍ မည်သည့်လက်နက်ကိုင် အုပ်စုကမှ ငြိမ်းချမ်းရေးလိုလားမည် မဟုတ် ပါကြောင်း သုံးသပ် တင်ပြလိုက်ပါသည်။

Kyaw Swar