ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab EV Taxi စတင်ပြေးဆွဲ

အောက်တိုဘာ ၂၄

    အောက်တိုဘာလ ၂၃ ရက်ကနေစတင်ပြီး Grab EV Taxi ဝန်ဆောင်မှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြေးဆွဲပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

     အခုဝန်ဆောင်မှုဟာ ခရီးသည်များအတွက် Eco-Friendly ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု လုံး၀မရှိတဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင်ခရီးသည်များအနေနဲ့ စမ်းသပ်ပြေးဆွဲကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) နှင့် (3) ရှိ Grab Taxi Service Counter များမှတစ်ဆင့် Booking ပြုလုပ် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

      အဆိုပါ Grab EV Taxi ဝန်ဆောင်မှုမှာ စီးနင်းလိုက် ပါမှုအတွက် ဘေးကင်းရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေတဲ့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ် စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

     လက်ရှိမှာ Chin Dwin Shan Construction မှ EV ၁၀ စီးကို ရန်ကုန်လေဆိပ်အခြေပြုနှင့် NPK Motors မှ တင်သွင်းတဲ့ EV ၁၀ စီးကို သပြေကုန်းဈေး(နေပြည် တော်)အခြေ ပြု အများသုံးတက္ကစီယာဉ်များအဖြစ် ပြေးဆွဲပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။