တရုတ်သင်္ဘောများက မနီလာရေယာဉ်များကို ဝင်တိုက်ပြီးနောက် စာချုပ်အရ မဟာမိတ် ဖိလစ်ပိုင်ကို ကာကွယ်သွားမည်ဟု အမေရိကန်က ထပ်မံသတိပေးခဲ့

အောက်တိုဘာ ၂၃

      တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ကမ်းခြေတစ်ခုတွင် ဖိလစ်ပိုင်သင်္ဘောနှစ်စင်းနှင့် တရုတ်သင်္ဘောများ ပိတ်ဆို့ကာ တိုက်မိခဲ့ပြီးနောက် 1951 စာချုပ်အရ ဖိလစ်ပိုင်နိုင်ငံကို လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပါက အမေရိကန်က ခုခံကာကွယ်မည်ဟု တနင်္လာနေ့တွင် အမေရိကန်က သတိပေးမှု တစ်ခုကို ထပ်လောင်းပြောကြား​ပါသည်။

      တနင်္ဂနွေနေ့က Second Thomas Shoal ကမ်းလွန်တွင် အဆိုပါ သင်္ဘောတိုက်မိခဲ့ပြီး ပြင်း ထန်သော စကားလုံးများဖြင့်ကန့်ကွက်ချက်များအတွက် ဖိလစ်ပိုင်သံတမန်များက မနီလာမှာရှိသည့် တရုတ်သံရုံးကို တနင်္လာနေ့တွင် ဆင့်ခေါ်လိုက်ပါသည်။ ထိခိုက်ဒဏ်ရာရသူ မရှိသော် လည်း ထိပ်တိုက်တွေ့မှုများကြောင့် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတစ်စင်းနှင့် ရေတပ်သားများ လည်ပတ်နေသော သစ်သားထည်ထောက်ပံ့ရေးလှေတစ်စင်း ပျက်စီးခဲ့ကြောင်း တာဝန် ရှိသူရေတပ်အရာရှိများက ပြောကြားခဲ့သည်။

      သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အငြင်း ပွားရေပိုင်နက်တွင် နောက်ဆုံးရန်စမှုများကို ဆွေးနွေးရန် ကာကွယ်ရေးအတွင်းဝန် အပါအဝင် အခြားစစ်ဘက်နှင့် လုံခြုံရေးထိပ်တန်းအရာရှိများနှင့်  အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်။

       ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံ၏ အခြားအိမ်နီး ချင်းနိုင်ငံများသည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးတွင် ပေကျင်း၏ ကျယ်ပြန့်သော ပိုင် နက်တောင်းဆိုမှုကို ဆန့်ကျင်ခဲ့ကြပြီး မနီလာကဲ့ သို့ အချို့သော ဖြစ် ရပ်များ များပြားလာသည်နှင့်အမျှ အမေရိကန်၏ စစ်ရေးအကူအညီကို ရယူခဲ့ကြသည်။

       အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဝန် ကြီး Gilberto Teodoro က ဖိလစ်ပိုင်ရေတပ်သားများ ဘေးအန္တရာယ်ဖြစ်ပေါ်စေပြီး ၎င်း၏ ရန်လိုမှုများကို ဖုံးကွယ်ရန် အချက်အလက်များကို လိမ်လည်ပြောဆိုကာ “ရိုင်းစိုင်းသောအင် အား” ကို အသုံးပြုခြင်းအတွက် သတင်းစာရှင်း လင်းပွဲတွင် တရုတ်ကို ပြင်းပြင်း ထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

#PAN