ရွှေကူမြို့ပေါ်ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သဖြင့်လို့ တစ်ဦးသေ နှစ်ဦးထိခိုက် ဒဏ်ရာရ

(ပြည်တွင်း)ဇွန် ၁၈

ကချင်ပြည်နယ် ၊ရွှေကူ မြို့ပေါ်လူနေရပ်ကွက်အတွင်းသို့ KIA/PDFပူးပေါင်းအဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ရွှေကူမြို့ အမှတ် ၁ ခုံခမ်းရပ်ကွက်ရှိ မူကြိုကျောင်းအနီး လူနေအိမ်ပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ရာ ဗန်းမော်မြို့မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသူအမျိုးသမီး၏ သမီးတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအပြင် ဆယ်တန်းကျောင်းသူတစ်ဦးလည်း ဦးခေါင်းနောက်စေ့ပွင့်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူနှစ်ယောက်လုံးအား ရွှေကူမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ဇွန်လ၁၅ရက်နေ့မှစ၍ ရွှေကူမြို့ပေါ် စာသင်ကျောင်းများတွင် ထောင်နှင့်ချီသော ကျောင်းသားကျောင်းသူ များ Placement Test ဖြေဆိုနေချိန် မြို့ပေါ်သို့ လက်နတ်ကြီးပစ်ခတ်မှုများမပြုလုပ်ရန် ဒေသခံများမှ တောင်းဆိုလျက်ရှိကြောင်း သိရသည်။

KIA တပ်မဟာ ၁၁ လက်အောက်ခံ တပ်ရင်းက ရွှေကူ မြို့ခံများ အမြန်ဆုံးတိမ်းရှောင်ကြရန် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သဖြင့် ဒေသခံအချို့အနည်းငယ်သာတိမ်းရှောင်ခဲ့သော်လည်း အများစုမှာကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

#PAN