(မှုခင်း) ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားရှေ့တွင် ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ကျောက်ဆည်မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး(ေ-သဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား Myanmar Rescue( Kyaukse)ယာဉ်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PAN