ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ သမိုင်းဝင်မှတ်တိုင်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ပြောကြား

အောက်တိုဘာ ၂၀

         တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမတည်ဆောက်ရေး လုပ်ငန်း စဉ်တွင် အရေးကြီးသော သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက အောက်တိုဘာ ၁၈ ရက် တွင် ပြောကြားခဲ့သည်။

       “ဒီဖိုရမ်မှာရရှိခဲ့တဲ့ အရေးအကြီးဆုံးသဘော တူညီမှုအရ အရည်အသွေးမြင့်ရပ်ဝန်းနဲ့ ပိုးလမ်း မ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်ကို ဖွင့်လှစ်ဖို့ပါပဲ”ဟု တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်က သတင်းစာရှင်းလင်း ပွဲတွင် ထပ် လောင်း ပြောကြားခဲ့သည်။

မှတ်ချက်ပြုပြောကြား

        ထို့ပြင် ကမ္ဘာ့စီးပွားရေးအတွက် အခွင့် အလမ်းသစ်များ ဖန်တီးပေးပြီး ကမ္ဘာ့နိုင်ငံများအတွက် ကောင်းကျိုးဖြစ်လာမည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

       “ဒီဖိုရမ်ရဲ့ အကြီးမားဆုံး မျှော်မှန်းချက်ကတော့ ကမ္ဘာကြီးကို ခေတ်မီအောင် နိုင်ငံတွေ အတူတကွလုပ်ဆောင်ဖို့ပါပဲ” ဟု ၎င်းက ပြောကြားသည်။ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် နိုင်ငံပေါင်းစုံ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေးပလက်ဖောင်းကို ဖန်တီးခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအား ခေတ်မီတိုးတက်ရေးလမ်းကြောင်းဆီသို့ အရှိန်မြှင့်ချီတက်ရန် ကူညီပေးခဲ့ကြောင်း သိရသည်။

       ၎င်းဖိုရမ်အတွင်း စုစုပေါင်း ရလဒ် ၄၅၈ ခုရရှိ အောင်မြင်ခဲ့ပြီး ဒုတိယအကြိမ်ကျင်းပခဲ့သည့် ဖိုရမ်ထက် ရလဒ်များ အဆပေါင်းများစွာ ပိုများခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုသည်သမိုင်းဝင် အောင်မြင်မှုများရရှိခဲ့ပြီး ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို ဖွင့်လှစ်ပေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

       ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် နိုင်ငံ တကာပြည်သူများ ကောင်းကျိုးအတွက် အကြီးဆုံး နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းဖြစ်လာကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

       ယင်းစီမံကိန်းသည် ပွင့်လင်းသောနိုင်ငံ တိုင်းကို ပလက်ဖောင်းဖြစ်ကာ အချိန်မရွေးပါဝင်ရန် ကြိုဆိုကြောင်း ဝမ်က ပြောကြားခဲ့သည်။

#PAN