အွန်လိုင်းလောင်းကစားမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့တာကြောင့် ကာလရှည်ပွဲပယ်ခံရတဲ့ ဖာဂီယိုလီ

အောက်တိုဘာ ၁၉

      အီတလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်း လူငယ်ကွင်းလယ်ကစားသမား ဖာဂီယိုလီ ဟာ အွန်လိုင်းလောင်း ကစားမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အီတလီနိုင်ငံတရားရုံးက ခုနစ်လအထိ ကာလရှည်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။

       အသက် ၂၂ နှစ်အရွယ် ဖာဂီယိုလီ ဟာ ယခုနှစ်အတွင်း အွန်လိုင်းလောင်းကစားမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွဲချက်တင်ခံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက် သတ္တပတ်က အီတလီနိုင်ငံ တူရင်မြို့တရားရုံးက စွဲချက်တင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြစ်မှုထင်ရှားတဲ့အတွက် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ဖြစ်တဲ့ ခုနစ်လကြာ ဘောလုံးအားကစားနှင့် ပတ်သက် ခြင်း မပြုလုပ်ရန် ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

      ဖာဂီယိုလီ အနေနဲ့ တူရင်မြို့တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပေမယ့် မိခင်ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းက မည်ကဲ့သို့အရေးယူမှုပြုလုပ်မည်ကို မသိရှိရသေးဘဲ လက်ရှိတွင် အသင်းနှင့်ပူးပေါင်း ခွင့်ကိုပိတ်ပင်ထားပါတယ်။

#PAN