ဇေယျာသီရိမြို့နယ်၊ ရွှေကျကျေးရွာတွင် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

အောက်တိုဘာ ၁၇

ယနေ့မွန်းတည့် ၁၂ နာရီ အချိန်ခန့်က နေ​ပြည်​တော်၊​ ဇေယျာသီရိမြို့နယ်၊​ ရေဆင်းအုပ်စု၊ ရွှေကျကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးကြောင်းသတင်းအရ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်​​​ရေးအဖွဲ့နှင့်အတူ အခင်း​ဖြစ်ရာ​နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

​​ ဖြစ်စဥ်မှာ ​ရွှေကျ​ကျေးရွာ​နေ အိမ်ရှင်ဦးလှထွန်း၏ နေအိမ်အောက်ထပ် အိပ်ခန်းထဲတွင် သား​​ဖြစ်သူ ဦးနေလင်းနိုင် ၂၈ နှစ်သည် သံမန်တလင်းမှ အမြင့်(၇)ပေခန့်ရှိ အပေါ်သစ်သား ခါးပန်းတွင် လည်ပင်းအား အပြာ/အစိမ်းရောင် ပလပ်စတစ်ကျစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေ​​ကြောင်း ၊ သေဆုံးသူမှာ မြောက်ဘက်သို့မျက်နှာမူ၍ လျှာတစ်လစ်ထွက်၊ လက်နှစ်ဖက်လက်သီးဆုပ်၊ ငယ်ချီးပါ၊ဒူးထောက်အနေထားဖြင့် သေဆုံးနေကြောင်းသိရသည်။

သေဆုံးသူနေလင်းနိုင်သည် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ အသက် ၂၁ နှစ်အရွယ်ကစ၍ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး လွန်ခဲ့သော ၅လ ခန့်က ရန်ကုန်၊ရွာသာယာကြီးဆေးရုံမှ ဆင်းလာကာ စိတ်ဖောက်ပြန်နေသူဖြစ်ကြောင်း၊ နေအိမ်တွင်မိသားစု ၃ ဦးတို့ နေထိုင်ကြပြီး ကြိုးဆွဲချ​သေဆုံးသူ၏ အလောင်းအား နာရေးကူညီမှုကားဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့အ​ဆောင်ထားရှိ​ပြီး သေမှုသေခင်းရေးဖွင့် စစ်ဆေးရန်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

PAN