မြဝတီမြို့ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံဝင်းအတွင်း ဝန်ထမ်း တစ်ဦးကို အကြမ်း ဖက် PDF ၂ ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ် ခတ်

အောက်တိုဘာ ၁၇

        ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ် ကွက်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် စိုးမင်းအောင်၊ ၃၀ နှစ် ၊(ဘ)ဦးစိုးသန်း၊ ငှက် ဖျားတိုက်ဖျက်ရေးကျန်းမာရေးဦးစီးဌာန ဝန်ထမ်းကို အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ် ခတ်ထွက်ပြေးသွားခဲ့သည်။

       ” စိုးမင်းအောင် က ဆေးရုံဝင်းအတွင်းသစ်ပင်အောက်မှ ထိုင်နေတုံး သေနတ်သမား ၂ ယောက်က ဆိုင်ကယ် အနီရောင်နဲ့ ဝင်လာပြီး သေနတ်နဲ့ ၃ ချက်လောက်ပစ်သွားတာ ” ဟု အဆိုပါ ဆေးရုံးဝင်အတွင်းရှိ မျက်မြင် တစ်ဦး က ပြောပြလာပါသည်။

      ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်  စိုးမင်းအောင်တွင် ဦးခေါင်းထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး အဆိုပါဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိစဥ် ညနေ ၆ နာရီ ၂၅ မိနစ်တွင် အဆိုပါဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်ရရှိပါသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် လက်နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ယခုလို ပစ်မှတ်ထား ပစ်သတ်ဖြတ်နေကြောင်း သိရပါသည်။

#PAN