ဂါဇာတွင်သောက်သုံးရေပြတ်လပ်လုနီးပါဖြစ်နေ၍ ဒေသခံများအခက်အခဲကြုံနေရ

အောက်တိုဘာ ၁၆

       အစ္စရေးတပ်များ ဝန်းရံပိတ်ဆို့ထားသည့် ဂါဇာဒေသတွင် ရေနဲ့ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

       ဂါဇာဒေသခံ တစ်သန်းဝန်းကျင်သည်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်အရသိရသည်။

      အစ္စရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံများ ပြန်မလွှတ်ပါက ဂါဇာဒေသသို့ မည်သည့် လူသားချင်းစာနာမှုကိုမျှ ပေးရန်မရှိကြောင်းသိရသည်။

#PAN