ပုဂံရှိ ဟိုတယ်တွေမှာ သီတင်းကျွတ်ပိတ်ရက်အတွက် ကြိုတင်ထားတဲ့ အခန်းများပြည့်နေပြီဖြစ်

အောက်တိုဘာ ၁၆

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ဟိုတယ်များအားလုံး သီတင်းကျွတ် ပိတ်ရက်အတွက် ကြိုတင်မှာယူထားသူများရှိတာကြောင့် အခန်းများအား လုံးပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)ကနေ သိရပါတယ်။

       ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ ဟိုတယ် ၈၁ လုံးရှိကာ မိုတယ်နှင့်တည်းခိုခန်းများရှိပြီး ၎င်းတို့အားလုံးမှာ သီတင်းကျွတ်ရုံး ပိတ်ရက်အတွက် ကြိုတင်မှာယူထားသူများရှိတာကြောင့် အခန်းများအားလုံး ပြည့်နေတာဖြစ်တယ်လို့ သိရပါတယ်။

       သီတင်းကျွတ်ပိတ်ရက်အတွင်း ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ လာရောက်ဘုရားဖူး လည်ပတ်သူ တစ်ရက်လျင် လူဦးရေ ၁၅၀,၀၀၀ ခန့်အထိလာရောက်လေ့ရှိတယ်လို့ သိရပါတယ်။ ပုဂံရှေးဟောင်း ယဥ်ကျေးမှု နယ်မြေသို့ လာရောက်သူများဟာ ရှေး ဟောင်းယဥ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင် ကရ ဘုရားများကို ဖူးမြှော်ခြင်း၊ နံရံဆေးရေးပန်းချီများလေ့လာခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီဆွဲခြင်း၊ မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်း၊ ပုဂံဒေသရဲ့ အထင် ကရဖြစ်တဲ့ နေဝင်ချိန် စောင့်ခြင်းတို့ကို ပြုလုပ်ကြတယ်လို့ သိရပါတယ်။

       ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်ထားခဲ့တဲ့ ဝေဟင်မှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှုခင်းများကို ကြည့်ရှုခံစားနိုင်မည့် Balloons များလည်း အောက်တိုဘာ ၇ ရက်ကနေစတင် ပြန်လည်ပျံသန်းပေးလျက်ရှိတယ်လို့ သိရပါတယ်။

#PAN