ယင်းမာပင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာအကြမ်းဖက် PDF ၅ ဦးနှင့်အတူ  လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၆

      ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင် ရွက်နေစဉ် မိုင်းထောင်နေသည့် အကြမ်းဖက် PDF များအားတွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးရာ အကြမ်း ဖက် PDF ၅ ဦးကို လက်လုပ်မိုင်း ၄ လုံး၊ အေကေကျည်အိမ် ၂ ခု၊ အေကေကျည် ၂၀ တောင့်၊ ၁၂ဗို့ကျည် ၂၀ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

       အလားတူ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ဆင်တဲကျေးရွာအတွင်း  အသေး စိတ် ဝင်ရောက်ရှင်းလင်းခဲ့ရာ လူနေထိုင်ခြင်းမရှိသည့်နေအိမ်အတွင်းမှ လက်လုပ်သေနတ်(အရှည်) ၁၆ လက်၊ လက်လုပ်သေနတ် (အတို) ၄ လက်၊ လက် လုပ်မိုင်း ၁၇ လုံး၊ အမ် – ၂၂ ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၁၅ တောင့်၊ ၇.၆၂ မမကျည် ၁၀ တောင့်၊ လက် လုပ်ကျည် ၆ တောင့်၊ ထိပ်တုံး ၁ ခု၊ ကီးပတ်ဖုန်း ၃ လုံး၊ ယမ်းမဲ(၅ ပိဿာခန့်) ၁ အိတ်တို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

       နယ်မြေလုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်း လင်းရေးများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာရာ
အကြမ်းဖက် PDF များမှာ လက်နက်ခဲယမ်းများကို စွန်ခွာထွက်ပြေးနေရကြောင်း၊ ၎င်းတို့ထံတွင် လက်နက်၊ ခဲယမ်းအားနည်းလာပြီး မကြာမီ အကြမ်းဖက် PDF များ ပပျောက်သွားနိုင်ကြောင်း ဒေသခံရွာသားများထံမှ ကြားသိရပါ သည်။